ဂျပန်နဲ့ ဆွီဒင်က ဆိုင်တွေကိုလည်း ပြန်ဖွင့်သွားမှာပါ

Apple ဟာ ယခုတစ်ပတ်ထဲမှာ အမေရိကန်နိုင်ငံ ၂၁ ပြည်နယ်မှာ ရှိတဲ့ Apple Stores ပေါင်း ၁၀၀ ခန့် ထပ်မံ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

စုစုပေါင်း ယခုတစ်ပတ်အကုန် အမေရိကန်မှာ ရှိတဲ့ Apple Stores ဆိုင်ပေါင်း ၂၇၁ ဆိုင်ထဲက ဆိုင်ပေါင်း ၁၃၀ ကို ပြန်ဖွင့်သွားမှာ ဖြစ်တယ်လို့ The Verge က ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ တည်နေရာတစ်ခုချင်းစီမှာ အပိုင်းလိုက် ပြန်ဖွင့်သွားမှာ ဖြစ်ပြီး ဆိုင်တစ်ချို့ဟာ အပြင်လမ်းဘေးမှာ ကားရပ်ပြီး ဝယ်လို့ ရမယ့်စနစ် ၊ တစ်ချို့ကို ဆိုင်တွင်းအရောင်းနဲ့ ဝန်ဆောင်မှုစနစ် ပံ့ပိုးပေးသွားမှာပါ။



Photo: indiagoneviral


မကြာခင် Apple Store ဖွင့်လှစ်သွားမယ့် ပြည်နယ်တွေဟာ အရီဇိုးနား ၊ ကယ်လီဖိုးနီးယား ၊ ဖလော်ရီဒါ ၊ ဂျော်ဂျီယာ ၊ အင်ဒီယားနား ၊ ကန်ဆက် ၊ ကင်တပ်ကီ ၊ မစ်ရှီဂန် ၊ မစ်ဆူရီ ၊ နီဗားဒါး ၊ နယူးမက္ကဆီကို ၊ နယူးယော့ခ် ၊ အိုဟိုင်းယိုး ၊ အော်ရီဂွန် ၊ တင်နက်ဆီ ၊ တက္ကဆက် ၊ ယူးထရက် ၊ ဗာဂျီးနီးယား နဲ့ ဝစ္စကွန်ဆင်ပြည်နယ်တို့ ဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။

"ဒီတစ်ပတ်မှာ ကျွန်တော်တို့ဟာ အမေရိကန်နယ်မြေအများစုမှာ ရှိတဲ့ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့ ပြန်လာမှာပါ။ " လို့ Apple က ထုတ်ပြန်ပါတယ်။ "ဆိုင်အများစုမှာ ဖောက်သည်များ ဘေးကင်းအဆင်ပြေစေဖို့ အွန်လိုင်း အော်ဒါကောက်ခံမှုနဲ့ Genius Bar ချိန်းဆိုမှုတွေ လုပ်နိုင်အောင် ဆိုင်မျက်နှာစာ ဝန်ဆောင်မှုသီးသန့်ပေးဖို့ ရှိပါတယ်။"

Photo: nestia

အမေရိကန်မှာ ပြန်ဖွင့်မယ့် စတိုးတွေဟာ iPhone နဲ့ တစ်ခြား Apple ထုတ်ကုန်တွေ ပြုပြင်ဝန်ဆောင်မှု ပေးတဲ့ Apple Genius Bar ကို အဓိက ထားတာပါ။ တစ်ချို့ ဆိုင်တွေမှာ ဖောက်သည်တွေ ချိန်းဆိုစရာမလိုဘဲ ဒီအတိုင်း ဝင်လာလို့ ရမှာ ဖြစ်ပါတယ်။ Apple Store တွေမှာ လာရောက်သူများကို အပူချိန် စစ်ဆေး တိုင်တာခြင်း ၊ လူအချင်းချင်း ခပ်ခွာခွာခြား ထားရှိခြင်း နဲ့ Face Mask ထောက်ပံ့ခြင်းများ လုပ်ပေးသွားမှာပါ။

တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် Apple ဟာ မတ်လကစပြီး တရုတ်နိုင်ငံ ပြင်ပက လက်လီစတိုးများကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ Apple ဟာ ဒီတစ်ပတ်ထဲမှာ ဂျပန် နဲ့ ဆွီဒင်မှ ရှိတဲ့ ဆိုင်တွေကိုလည်း ပြန်ဖွင့်လှစ်သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က