နောက်ထပ် မိတ်ဖက်ကုမ္ပဏီ ၃၈ ခုကို ထပ်ပိတ်လိုက်တာပါ

အမေရိကန်အစိုးရဟာ Huawei ပေါ် ပိတ်ပင်မှုကို ပိုပြီး တင်းတင်းကြပ်ကြပ် ချုပ်ကိုင်လာပါတယ်။

တနင်္လာနေ့က အမေရိကန်စီးပွားကူးသန်းဌာနအတွင်းမှာ ရှိတဲ့ စက်မှုနဲ့လုံခြုံရေးဗြူရို (BIS) ဟာ အမေရိကန်နည်းပညာသုံး ချပ်စ်များ Huawei အနေနဲ့ ဝယ်ယူမှု မပြုနိုင်အောင် နောက်ထပ် ကန့်သတ်မှုတွေ လုပ်ဆောင်သွားမယ့်အစီအစဉ်တစ်ခုကို ကြေညာလိုက်ပါတယ်။ အမေရိကန်ပစ္စည်းအစိတ်အပိုင်းများ ကြားတစ်ဆင့်ခံ Third-party ကုမ္ပဏီတွေဆီကနေ တစ်ဆင့် Huawei ဘက်မှ ဝယ်ယူလို့ မရအောင် ကန့်သတ်လို့တာပါ။




စီးပွားကူးသန်းအတွင်းဝန် ဝီဘာရော့စ် (Photo: Fortune)

အမေရိကန်စီးပွားကူးသန်းဌာနဟာ ၂၁ နိုင်ငံမှာ ရှိတဲ့ Huawei နဲ့ တိုက်ရိုက်ဆက်သွယ်မှု ရှိနေတဲ့ ကုမ္ပဏီပေါင်း ၃၈ ခုစလုံးကို ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ Reuters သတင်းက ဆိုပါတယ်။ BIS ရဲ့ အဆိုအရ ပြီးခဲ့တဲ့ မေလထဲမှာ ကြေညာခဲ့တဲ့ ကန့်သန့်ချက်တွေကို ထပ်တိုးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Huawei ပေါ် ပိတ်ပင်မှုစတင် လုပ်ဆောင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် မေလကဆိုရင် Huawei ရဲ့ မိတ်ဖက်ကုမ္ပဏီပေါင်း ၁၅၂ ခုအထိ ပိတ်ပင်လိုက်တာပါ။ ရည်ရွယ်ချက်ကတော့ အထူးလိုင်စင်မရဘဲ အမေရိကန်နည်းပညာသုံး Semiconductors များ Huawei ဆီ ရောက်ရှိမှုကနေ ကာကွယ်ဖို့ ဖြစ်ပါတယ်။

ဒီစည်းမျဉ်းသစ်ကြောင့် Huawei အနေနဲ့ လုပ်ငန်းဆက်လက် လည်ပတ်ဖို့ပါ ခက်ခဲလာနိုင်ပါတယ်။ ပြီးခဲ့တဲ့လထဲမှာလည်း ယူကေအစိုးရဟာ နိုင်ငံရဲ့ 5G ကွန်ရက်ကနေ Huawei ကို ပိတ်ပင်ကြောင်း ကြေညာခဲ့ပါတယ်။ Huawei ဆီက ပစ္စည်းအစိတ်အပိုင်းဝယ်ယူမှု ပိတ်ပင်တဲ့ အမိန့်ဟာ လာမယ့် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။

ယူကေနိုင်ငံအတွင်းမှာ ရှိတဲ့ Huawei နည်းပညာသုံး 5G ကွန်ရက်တွေဟာလည်း ၂၀၂၇ အကုန်မှာ ဖယ်ရှားရတော့မှာ ဖြစ်ပါတယ်။ Huawei ဟာ လက်ရှိမှာ စမတ်ဖုန်း processor chips ပစ္စည်းပြတ်လပ်မှု ကြုံနေရပြီး မကြာခင်မှာ High-end Kirin processor ထုတ်လုပ်မှု ရပ်ဆိုင်းသွားဖို့ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က