လက်ရှိမှာ ဖုန်းအလုံးရေ ၂၀၀၀ နဲ့စမ်းသပ်ထားတယ်လို့ဆိုပါတယ်။

Samsung ရဲ့ ပထမဆုံး ခေါက်သိမ်းနိုင်စမတ်ဖုန်း Galaxy Fold ဟာ ဈေးကွက်ထဲ ဝင်ဖို့အဆင်သင့်မဖြစ်သေးခင် ရောင်းချခဲ့မိတယ်လို့Samsung Electronics ရဲ့ CEO မှ ပြောပါတယ်။

         "ဒါက ရှက်ဖို့ကောင်းခဲ့ပါတယ်" လို့Samsung Electroincs ရဲ့ အမှုဆောင်အရာရှိချုပ် ဒီဂျေကို့ချ်ရဲ့ ပြောကြားမှုကို The Independent သတင်းမှာ ဖော်ပြထားပါတယ်။ Samsung အနေနဲ့Galaxy Fold မှာ ဖြစ်နေတဲ့ ပြဿနာအားလုံးကို ဖော်ထုတ်ပြီး ဖုန်းအလုံးရေ ၂ ထောင်နဲ့စမ်းသပ်ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကို့ချ်ရဲ့ အပြောအရ Galaxy Fold ဈေးကွက်မှာ ပြဿနာမရှိဘဲ ဖြန့်ချိနိုင်ဖို့အချိန်နည်းနည်း ပိုယူဖို့လိုမယ်လို့ဆိုပါတယ်။



Photo: japantimes

         Galaxy Fold ဟာ ဖုန်းလိုရော တက်ဘလက်အဖြစ်ပါ နှစ်မျိုးစလုံးသုံးနိုင်မယ့် ထုတ်ကုန်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ display နှစ်ခုစလုံး ဖွင့်ထားချိန်မှာ Galaxy Fold ဟာ မျက်နှာပြင် ၇.၃ လက်မရှိပြီး ခေါက်သိမ်းထားချိန်မှာ မျက်နှာပြင် ၄.၆ လက်မရှိမှာပါ။ ဖုန်းအဖွင့်အပိတ်နေရာမှာ အလွန်ပါးလွှာတဲ့ ပိုလီမာ ပလတ်စတစ်တစ်မျိုးကို သုံးထားပြီး ကိုယ်ထည်ထဲမှာ အံဝှက်ဂီယာနဲ့ပတ္တာတစ်မျိုး ပါလာပါတယ်။

         ဒီဖုန်းဟာ ကျောဘက် 12MP Dual Pixel PDAF ၊ 12MP telephoto နဲ့16MP ultrawide ကင်မရာ ၃ လုံး အတွင်း screen အပေါ်ဘက်မှာ 10MP နဲ့8MP ကင်မရာအပြင် အပြင်ဘက်မှာ သီးသန့်ရှေ့10MP ကင်မရာတစ်လုံး သုံးထားတာပါ။ Snapdragon 855 processor သုံးထားပြီး RAM 12GB/512GB storage နဲ့လာတဲ့ Galaxy Fold ကို ၁၉၈၀ ဒေါ်လာ ( မြန်မာငွေ သိန်း ၃၀ ကျော်) ဈေးနဲ့ရောင်းချဖို့စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Photo: thenational

         ဧပြီလကုန်မှာ ဈေးကွက်ထဲ ဖြန့်ချိဖို့အတွက် ရည်ရွယ်ပြီး မိတ်ဆက်လိုက်တဲ့ Galaxy Fold ကို ဈေးကွက်ထဲ မကြေညာခင် Reviewers တွေကို ပေးပြီး စမ်းသပ်သုံးစွဲစေခဲ့ပါတယ်။ Review တွေ လက်ထဲ ရောက်ပြီးနောက် ရက်ပိုင်းအတွင်းမှာ Galaxy Fold ဟာ Screen ဖောင်းကြွ ပျက်စီးတာနဲ့ကြုံခဲ့ပါတယ်။ အကြိမ်ပေါင်း ၂ သိန်းကျော် အဖွင့်အပိတ် လုပ်နိုင်မယ်ဆိုတဲ့ Galaxy Fold ရဲ့ screen ဟာ အလွယ်တကူ ပျက်စီးလွယ်တယ်လို့တွေ့ရှိပြီးနောက် ဈေးကွက်တစ်ချို့မှာ ဖြန့်ချိမယ့်ရက် ရွှေ့ဆိုင်းခဲ့ပါတယ်။

         " ခေါက်သိမ်းနိုင် စမတ်ဖုန်းမှာ ကျွန်တော် တစ်ခုခု လွဲသွားတာ ဝန်ခံပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့အခြေအနေပြန်ကောင်းနေပါပြီ" လို့ကို့ချ်က ပြောပါတယ်။ စမတ်ဖုန်းဈေးကွက်မှာ ခေါက်သိမ်းနိုင် စမတ်ဖုန်း ၃ မျိုး ထွက်ထားပြီး Galaxy Fold နဲ့Huawei Mate X ဟာ Foldable ဖုန်းဈေးကွက်ကို ဦးဆောင်နိုင်ဖို့အလားအလာအများဆုံး ဖြစ်နေပါတယ်။ Huawei ကတော့ လာမယ့် စက်တင်ဘာလောက်မှာ Mate X ဖုန်းကို ကြေညာဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က