၂၀၁၆ တတိယသုံးလပတ်နောက်ဆုံး အဆိုးဆုံး အမြတ်ငွေ ကျဆင်းမှုပါ

Apple ဆီက လျော်ကြေးရပေမယ့်လည်း ဧပြီ-ဇွန် သုံးလပတ် အမြတ်ငွေမှာ Samsung ဟာ ၅၆% ထိ ကျဆင်းဖို့ရှိနေတယ်လို့ဆိုပါတယ်။

         Samsun ရဲ့ ဒုတိယသုံးလပတ် ဝင်ငွေမှန်းခြေစစ်တမ်းအရ ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ် ကာလတူကထက် ထက်ဝက်ကျော် အမြတ်ငွေ ကျဆင်းမယ်လို့မျှော်လင့်ထားတယ်လို့ဖော်ပြထားပါတယ်။ The Verge သတင်းမှာတော့ Samsung အမြတ်ငွေဟာ ဝမ် ၆.၅ ထရီလီယံ ( ဒေါ်လာ ၅.၅၆ ဘီလျံ) အထိ ကျဆင်းမယ်လို့ဆိုပါတယ်။



Photo: Nikkei Asian Review

         ပြီးခဲ့တဲ့ ၂၀၁၈ ဒုတိယသုံးလပတ်မှာာ Samsung ဟာ အမြတ်ငွေ ဝမ် ၁၄.၈၇ ထရီလီယံ ( ဒေါ်လာ ၁၃.၃ ဘီလျံ) ရခဲ့တာပါ။ ယခုနှစ် ဒုတိယသုံးလပတ် အမြတ်ငွေဟာ Galaxy Note 7 မီးလောင်ပေါက်ကွဲမှုများကြောင့် ဈေးကွက်က ပြန်သိမ်းလိုက်ရတဲ့ ၂၀၁၆ တတိယသုံးလပတ် နောက်ပိုင်း အဆိုးဆုံးအနေအထားလည်း ဖြစ်ပါတယ်။

         Samsung အနေနဲ့ဝင်ငွေမှန်းခြေနဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းချက်မပေးပေမယ့် ဈေးကွက်ကျွမ်းကျင်သူတွေကတော့ Samsung ရဲ့ အဓိကဖောက်သည်တွေထဲကတစ်ခုဖြစ်တဲ့ Huawei ကို အမေရိကန်အစိုးရမှ ကုန်သွယ်ရေး ပိတ်ပင်ခြင်းကလည်း Samsung ကို အထိနာစေခဲ့တယ်လို့ခန့်မှန်းထားပါတယ်။

         Samsung Electroinics ဝင်ငွေရဲ့ သုံးပုံနှစ်ပုံကို ရှာပေးနေတဲ့ Semiconductor စီးပွားရေးဟာလည်း ပြီးခဲ့တဲ့လများအတွင်း DRAM နဲ့NAND flash chips ဈေးများ ထိုးကျသွားခဲ့ပါတယ်။ ၂၀၁၉ ဧပြီကနေ ဇွန် ၃ လအတွင်း ဝင်ငွေဟာလည်း ကိုရီးယားဝမ် ၅၈.၄၈ ထရီလီယံ ( ဒေါ်လာ ၄၉.၉၂ ဘီလျံ) ကနေ ဝမ် ၅၆ထရီလီယံ ( ဒေါ်လာ ၄၇.၈၉ ဘီလျံ) ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။

         Samsung ဟာ Apple ဆီက ဝမ် ဘီလျံ ၈၀၀ ( ဒေါ်လာ ၆၈၄ သန်း ) လျော်ကြေး ရခဲ့ပါတယ်။ iPhone တွေအတွက် ထုတ်ထားတဲ့ Samsung ရဲ့ OLED screens တွေကို နဂိုမှာထားတဲ့ အရေအတွက်အတိုင်း မယူလို့ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က