ဂျာမဏီမှာလည်း အလားတူ ဥပဒေပြဌာန်းထားပါတယ်
Nyein Min Wai

     ပြင်သစ်ပါလီမန်လွှတ်တော်ဟာ အမုန်းပွားစေတဲ့ အကြောင်းများကို အချိန်မီ မဖယ်ရှားတဲ့ လူမှုကွန်ရက် ကုမ္ပဏီကြီးတွေကို အရေးယူမဝ့် ဥပဒေ အတည်ပြုလိုက်ပါတယ်။

         လူမှုကွန်ရက်ပေါ်က အမုန်းစကား ဖယ်ရှားရေးဟာ အင်တာနက် စည်းမျဉ်းဥပဒေအဖြစ် ပါလီမန် အောက်လွှတ်တော်ကနေ ရေးဆွဲနေတဲ့ ဥပဒေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အထက်လွှတ်တော်ဆီက သဘောတူညီမှု စောင့်ရဦးမှာပါ။ လွှတ်တော်နှစ်ရပ်ကနေ အတည်ပြုချက် ထွက်လာပြီဆိုရင်တော့ အမုန်းစကားတွေကို ၂၄ နာရီအတွင်း မဖယ်ရှားတဲ့ Facebook၊ Google စတဲ့ အင်တာနက် ကုမ္ပဏီတွေကို ဒဏ်ရိုက်တော့မှာ ဖြစ်ပါတယ်။

Photo: thetimes

         တကယ်လို့သတ်မှတ်ထားတဲ့ ၂၄ နာရီအတွင်း အမုန်းစကားတွေကို မဖယ်ရှားတဲ့ ကုမ္ပဏီတွေဟာ ယူရို ၁.၂၅ သန်းအထိ ဒဏ်တပ်ခံရတော့မှာ ဖြစ်တယ်လို့လည်း The Verge သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဥပဒေမှာ သတ်မှတ်ထားတဲ့ အမုန်းစကားဆိုရာမှာ ကလေးငယ်များရဲ့ ဝတ်လစ်စလစ် ဓါတ်ပုံ ၊ ဗွီဒီယိုများအပါအဝင် လူမျိုးရေး ၊ ဘာသာရေးကို အခြေခံ ခွဲခြားမှု ၊ အမုန်းတရားနဲ့အကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်သွေးထိုးတဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ဆိုပါတယ်။

         ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ ဆီးမိုက်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများ ၊ အစွန်းရောက်သမားတွေရဲ့ ဘာသာစကားနဲ့အပြုအမှုတွေကို အွန်လိုင်းပေါ်ကနေ စောင့်ကြည့်ဖို့အဆိုတင်သွင်းခဲ့ပါတယ်။ Facebook ရဲ့ Content မူဝါဒတွေနဲ့ အွန်လိုင်းပေါ်က ပို့စ်တွေကို ဘယ်လိုဘယ်နည်းနဲ့ဖယ်ရှားနေတယ်ဆိုတာကိုလည်း ပြင်သစ်လွှတ်တော်အမတ်တွေဟာ ကြည့်ခွင့်ရခဲ့ပါတယ်။

Photo: indianexpress

         ဂျာမဏီနိုင်ငံမှာလည်း အလားတူ ဥပဒေမျိုးကို ၂၀၁၈ ခုနှစ်က အတည်ပြုခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ ဒီဥပဒေဟာ အသက်ဝင်ခဲ့ပါတယ်။ ဂျာမဏီက လူမှုကွန်ရက် ဥပဒေမှာလည်း ၂၄ နာရီအတွင်း တရားမဝင်တဲ့ အကြောင်းအရာတွေကို လူမှု ကွန်ရက်ကနေ မဖယ်ရှားပါက ဒီအင်တာနက် ကုမ္ပဏီတွေကို ယူရို သန်း ၅၀ ဒဏ်ရိုက်နိုင်မှာပါ။

         ပြင်သစ်အစိုးရဟာ Google ၊ Apple ၊ Facebook နဲ့Amazon တို့ကို အခွန်ကောက်ဖို့GAFA tax အခွန်လို့ခေါ်နေတဲ့ အခွန်ဥပဒေတစ်ရပ်ကိုလည်း ရေးဆွဲနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က