ပြင်သစ်မှာပဲ စတင်သွားမယ့် သဘောတူညီမှုပါ

Facebook ပလက်ဖောင်းပေါ် ရောက်လာတဲ့ အမုန်းစကား သံသယရှိသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လွဲှပြောင်းပေးဖို့ပြင်သစ်အစိုးရနဲ့Facebook အကြား သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

                                 



           ပြင်သစ်ဒီဂျစ်တယ်ရေးရာ ဝန်ကြီး Cédric O မှ သူ့အနေနဲ့Facebook လူမှုကွန်ရက်ဆိုက်နဲ့သဘောတူညီမှုလုပ်ခဲ့တယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။ သဘောတူညီမှုအရ Facebook ဟာ ပထမဆုံးအကြိမ်အဖြစ် အမုန်းစကားတင်တဲ့ ပြင်သစ်မှ Facebook users တွေရဲ့ နာမည်ကို တရားရုံးမှ တောင်းတဲ့အခါ ပေးရတော့မှာပါ။ အရင်ကတော့ Facebook ဟာ အကြမ်းဖက်မှုနဲ့အစွန်းရောက် ဖြစ်ရပ်တွေနဲ့ကြုံမှသာ သုံးစွဲသူရဲ့ IP address နဲ့တစ်ခြားကိုယ်ရေးအချက်အလက်တွေကို ပြင်သစ် တရားရုံးတွေဆီ ထုတ်ပြန်တာ ဖြစ်ပါတယ်။

Photo: euronews

           Facebook ရဲ့ ယခုဆုံးဖြတ်ချက်ဟာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့Facebook CEO မတ်ခ်ဇူကာဘတ်ခ်တို့အကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုလုပ်ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်တယ်လို့Reuters မှာ ရေးသားထားပါတယ်။ " ဒါက တကယ့်သတင်းအကြီးစားပါ။ တရားရေးလုပ်ဆောင်မှုတွေလည်း ပုံမှန်အတိုင်း လုပ်ဆောင်နိုင်တော့မှာပါ။" လို့ဝန်ကြီး Cédric O က ပြောပါတယ်။ အမုန်းစကားဆိုင်ရာ သဘောတူမှုကိုလည်း Facebook ရဲ့ ကမ္ဘာ့ရေးရာ အကြီးအက Nick Clegg နဲ့Cédric O အကြား ပြီးခဲ့တဲ့ တစ်ပတ်က ဆွေးနွေးမှုကနေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့သတင်းမှာ ဖော်ပြထားပါတယ်။

           ဥရောပကော်မရှင်ရဲ့ သတ်မှတ်ချက်အရ အမုန်းစကားဆိုရာမှာ လူမျိုး ၊ ဘာသာနဲ့ဓလေ့ထုံးစံ စတဲ့ ဝိသေသလက္ခဏာအားဖြင့် ခွဲခြား သတ်မှတ်ထားတဲ့ လူတစ်စုအပေါ် အမုန်းတရားနဲ့အကြမ်းဖက်မှု ဖြစ်ပွားအောင် လုပ်ဆောင်ဲ့ အသုံးအနှုန်းတွေကို ပြောတာ ဖြစ်တယ်လို့ဆိုပါတယ်။ Facebook ဟာ အကောင့်တု ၊ သတင်းမှားနဲ့အမုန်းစကားဆိုင်ရာ ပြဿာနာတွေ တိုက်ဖျက်ဖို့အတွက် AI နည်းပညာကို အသုံးပြုနေပြီး ၂၀၁၈ အောက်တိုဘာနဲ့၂၀၁၉ မတ်လအတွင်း အကောင့်တုပေါင်း ၃ ဘီလျံကျော် ဖြုတ်ချနိုင်ခဲ့တယ်လို့ကြေညာထားပါတယ်။

Photo: digitaltrends

           Facebook ရဲ့ Rosetta ဆိုတဲ့ AI စနစ်ဟာ machine learning နည်းပညာ သုံးထားပြီး ပုံနဲ့ဗွီဒီယိုတွေမှာ ပါတဲ့ text စာသားတွေကို identify လုပ်ပြီး screen reader တွေအဖြစ် ပြန်ပြောင်းပေးမယ်လို့Facebook က ကြေငြာပါတယ်။ Facebook ရဲ့ ဘာသာပြန်စနစ်ဟာ ဘာသာစကားပေါင်း ၁၂၅ မျိုးကို ဖတ်ရှုနိုင်တယ်လို့ဆိုပါတယ်။ Rosetta AI system ဟာ Facebook ပေါ်တင်မကဘဲ Instagram ပေါ်မှာပါ သုံးသွားနိုင်မှာပါ။  

Facebook ဟာ မြန်မာနဲ့သီရိလင်္ကာတို့မှာ အမုန်းစကား ပျံ့နှံ့မှုကို ဖြေရှင်းဖို့Messenger ကနေ မက်ဆေ့တစ်စောင်ကို လူ ၅ ဦးပဲ ပြန် Share နိုင်ဖို့ကန့်သတ်ထားပါတယ်။

Share

Loading Next Article...
က္က