ဇူလိုင်လ ၂၅ ရက်နေ့အထိ myananda app မှာ ငွေဖြည့်သွင်းပြီး ပရိုမိုးရှင်းအစီအစဉ်ကို ရယူနိုင်မှာပါ
Nyein Min Wai

ရန်ကုန်တိုင်း ၂၅ မြို့နယ်မှာ ကွန်ရက်ဖြန့်ကျက်ထားတဲ့ Ananda ရဲ့ ရက် ၃၀ အကန့်အသတ်မဲ့ဒေတာအစီအစဉ် Unlimited30 အား ၇ ရက် ထပ်တိုးလိုက်တယ်လို့ကြေငြာထားပါတယ်။

 

Ananda ကို အသုံးပြုသူများအနေနဲ့Unlimited30 plan မကုန်ဆုံးမီ (သို့မဟုတ်) ကုန်ဆုံးသွားချိန်မှာ ဒီ plan ကို ထပ်ဝယ်မယ်ဆိုရင် ၇ ရက် ထပ်ဆောင်းအပိုရနိုင်မယ့် 30+7 ပရိုမိုရှင်းအစီအစဉ်ကို မိတ်ဆက်လိုက်တာပါ။ Ananda ရဲ့ Starter pack ကို ဝယ်ယူသုံးစွဲသူများအနေနဲ့သက်တမ်းမကုန်ဆုံးခင်မှာ အသိပေးကြေငြာမှုများ လက်ခံရရှိမှာ ဖြစ်ပြီး သက်တမ်းကုန်ဆုံးရန် ၂ ရက်အလိုကနေ စပြီး Unlimited30 lan ကို ဝယ်ယူကာ အပိုထပ်ဆောင်း ၇ ရက် အကန့်အသတ်မဲ့ အင်တာနက် သုံးခွင့်ကို အလိုအလျောက် ရမယ်လို့ဆိုပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သတ်ပြီး Ananda ရဲ့ ဒုတိယအမှုဆောင်အရာရှိဖြစ်သူ ဒေါ်အေးမြမြကြည်မှ “30+7 promo ဆိုတာကတော့ ကျွန်မတို့ရဲ့ ananda (အနန္တ) အင်တာနက် သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့လုပ်ဆောင်တာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ သုံးစွဲသူတွေအတွက် အကန့်အသတ်မဲ့ အင်တာနက် အသုံးပြုမှု အတွေ့အကြုံကို ပိုမိုရရှိခံစားနိုင်ပြီး ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူ ဝေမျှသုံးစွဲနိုင်မယ့် အခွင့်အရေး ကို ပေးချင်တာဖြစ်ပါတယ်” လို့ပြောပါတယ်။

 

unlimited30 plan ကို ဝယ်ယူသူများဟာ လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့အထိ myananda app မှာ ငွေဖြည့်သွင်းပြီး ပရိုမိုးရှင်းအစီအစဉ်ကို ရယူနိုင်မယ်လို့ဆိုပါတယ်။


Author


က္က