Microsoft Office apps အားလုံးအန်းဒရိုက်မှာ ဒေါင်းလုပ်ဆွဲမှူ မြင့်နေပါတယ်။

Google Play Store မှာ Microsoft Word ရဲ့ အန်းဒရိုက်ဗားရှင်းကို ဒေါင်းလုပ်ဆွဲမှူဟာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။

        Microsoft Office app တစ်ခုဖြစ်တဲ့ Microsoft Word ဟာ ကမ္ဘာ့အကျော်ကြားဆုံး လုပ်ငန်းသုံး apps တွေထဲမှာ ပါဝင်ပြီး မိုဘိုင်းလ်ဗားရှင်း Microsoft Word ဟာ Google Play Storeမှာ install သွင်းမှူပေါင်း သန်း ၁ ထောင်ကျော်လာခဲ့ပြီလို့Android Police မှာ ဖော်ပြထားပါတယ်။ Microsoft ရဲ့ တစ်ခြား Office apps တွေ ဖြစ်တဲ့ Excel ၊ PowerPoint ၊ OneNote နဲ့OneDrive တို့ဟာလည်း install သွင်းမှူပေါင်း သန်း ၅၀၀ နဲ့အထက်မှာ ရှိနေပါတယ်။



Photo: Android Police

        အီးမေးလ် app တစ်ခုဖြစ်တဲ့ Microsoft Outlook ကတော့ install သွင်းမှူပေါင်း သန်း ၁၀၀ ကျော် ရှိထားပါတယ်။ ဒီကိန်းဂဏန်းတိုင်းဟာ Google Play Store ပေါ်ကပဲ ဒေါင်းလုပ်ဆွဲတဲ့ ပမာဏမဟုတ်ဘဲ တစ်ချို့ဖုန်းတွေမှာ Microsoft ဟာ သူ့ရဲ့ apps တွေ preinstall သွင်းပေးဖို့

သဘောတူညီမှူ ရယူသွားတာတွေ ရှိပါတယ်။

           Microsoft ဟာ Samsung နဲ့တစ်ခြား စမတ်ဖုန်းကုမ္ဗဏီတွေအကြား သူ့ရဲ့ apps တွေကို ဖုန်းနဲ့တက်ဘလက်တွေမှာ တစ်ခါတည်း pre-install သွင်းဖို့သဘောတူညီချက် ရှိနေပါတယ်။ Cloud အခြေပြု ဝန်ဆောင်မှူတွေ ဖြစ်တဲ့ Google Docs ဟာ အတော်လေး လူသုံးများလာပေမယ့် စီးပွားရေး လုပ်ငန်းအများစုဟာ သူတို့နဲ့ရင်းနှီးပြီးသား Microsoft Word ဆော့ဖ်ဝဲလ်ကိုပဲ သုံးနေဆဲ ဖြစ်တယ်လို့လည်း Android Police မှာ ဖော်ပြထားပါတယ်။

Photo: Geek Wire

           Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်ကတော့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ အကြီးဆုံး အမှားက အန်းဒရိုက်ကို မဝယ်ခဲ့တာပဲလို့ဆိုပါတယ်။ Google ဟာ Microsoft ကို ကျော်နိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်မှာ Android ကို ဒေါ်လာ သန်း ၅၀ နဲ့ဝယ်သွားခဲ့တာပါ။ Microsoft အတွက် ဒါဟာ ဒေါ်လာ ဘီလျံ ၄၀၀ ကို လက်လွတ်စေခဲ့တာ ဖြစ်တယ်လို့ဘီလ်ဂိတ်စ် ကသုံးသပ်ပါတယ်။

           အခုချိန်မှာတော့ Mobile OS နယ်ပယ်မှာ Android နဲ့iOS ပဲ ကျန်နေခဲ့ပြီး Microsoft Windows Mobile နဲ့Window Phone တွေ ပျောက်ကွယ်ချိန် ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က