Settings မှာပဲ Dark Mode ရတာပါ

ဒီနှစ်ကတော့ Dark Mode တွေရဲ့ နှစ်လို့တောင် ပြောရတော့မှာပါ။

           Dark Theme ကို Android နဲ့iOS စနစ်တွေမှာ သုံးလာပြီ ဖြစ်ပြီး အခုဆို mobile apps တွေမှာတောင် Dark Themes ထည့်ဖို့လုပ်နေပြီ ဖြစ်ပါတယ်။ မကြာသေးခင်က Viber ၊ Messenger စတဲ့ စာပို့app တွေမှာ Dark Mode ပါလာခဲ့သလို Google ရဲ့ Gmail app မှာလည်း Dark Mode သုံးနိုင်ပြီလို့ဆိုပါတယ်။



Photo: NDTV Gadgets

           9to5Google သတင်းအရ Android စနစ်တွေမှာပဲ Gmail ကို Dark Mode နဲ့သုံးနိုင်မှာ ဖြစ်ပြီး နောက်ဆုံး ဗားရှင်းမှာ ပါမယ်လို့ဖော်ပြထားပါတယ်။ Gmail ရဲ့ နောက်ဆုံးဗားရှင်းကို update တင်ပြီးတာနဲ့Settings ထဲကနေ night mode ကို ပြောင်းပေးရမှာပါ။ ဒါကတော့ Android 9 Pie ဗားရှင်းတွေအတွက် ဖြစ်ပြီး Android Q မှာတော့ dark theme လို့လာမှာ ဖြစ်ပါတယ်။

           Night Mode အဖြစ် Gmail မှာ ပါလာတဲ့ feature ဟာ မီးခိုးရောင်နောက်ခံထားပြီး စာသားတွေကို အနက်ရောင် ပြောင်းပြထားတာပါ။ ပြောရရင် တကယ့် Full Dark Theme စစ်စစ်လို့တော့ ပြောလို့မရပါဘူး။ နောက်တစ်ခုက Dark Theme ဟာ Gmail app ရဲ့ Settings ထဲမှာပဲ ပြနေတာ ဖြစ်ပြီး ပင်မ Window ထဲမှာ မြင်ရမှာ မဟုတ်ပါဘူး။ ဒါတင်မဟုတ်ဘဲ Dark Mode ကို Toggle နဲ့on/off လုပ်ဖို့လည်း ပေးမထားသေးပါဘူး။

           ပြီးခဲ့တဲ့မတ်လဆန်းပိုင်းက Messenger မှာ ပါလာတဲ့ Dark Mode မှာဆိုရင် သုံးစွဲသူအကြိုက် အဖွင့် ၊ အပိတ်လုပ်ခွင့်ပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က