စတုတ္ထသုံးလပတ်မှာ တင်နိုင်တော့မှာပါ

Google I/O Developer Conference ပွဲမှာ စတင် မိတ်ဆက်ခဲ့တဲ့ Android Q update သစ်ကို Xiaomi နဲ့Redmi ဖုန်းတွေမှာ သုံးနိုင်တော့မှာပါ။

         ပြီးခဲ့တဲ့အပတ် သောကြာနေ့က ကျင်းပသွားတဲ့ MIUI Forums မှာ Xiaomi ဟာ ၂၀၁၉ နှစ်အကုန်ပိုင်းမှာ Android Q ကို Xiaomi နဲ့Redmi ဖုန်း ၁၀ မျိုး ၂၀၂၀ နှစ်ဆန်းပိုင်းမှာ Redmi Note 7 / Note 7 Pro နဲ့Pocophone F1 တို့မှာ တင်နိုင်မယ်လို့ကြေညာသွားပါတယ်။ Android Q နဲ့အတူ MIUI 11 ကိုလည်း သုံးနိုင်ဖို့ရှိပေမယ့် MIUI 11 ရဲ့ features တွေကိုတော့ မသိရသေးပါဘူး။

Photo: T3.com



         MIUI 11 ဟာ icon သစ်နဲ့animation များ ပါဝင်လာဖို့ရှိပြီး ultra-power saving mode ၊ notch သုံးတဲ့ ဖုန်းတွေနဲ့လိုက်ဖက်တဲ့ status bar အပြောင်းအလဲများ မြင်ရဖို့ရှိပါတယ်။ Android Q ဟာ privacy နဲ့GPS control ပိုင်း ဆန်းသစ်ထားပြီး QR Code နဲ့WiFi share တာ ၊ ဖျက်မိတဲ့ app ကို ချက်ချင်း undo လုပ်ပြီး ပြန်ဆယ်တာတွေ လုပ်ဆောင်နိုင်မယ့် features တွေ ပါလာပါတယ်။

         Android Q မှာပဲ Notification Control သစ်အနေနဲ့ဖုန်းမှာ တက်လာတဲ့ noti တွေကို Block မလား ၊ Show Silent ပြမလား ၊ ဒါမှမဟုတ် Keep Alert ပြမလားဆိုတာကို လိုသလို ထိန်းချုပ်နိုင်မယ်လို့ဆိုပါတယ်။ Xiaomi ဖုန်းတွေထဲမှာ ၂၀၁၉ စတုတ္ထသုံးလပတ်အတွင်း Android Q ဗားရှင်းသစ်ကို Xiaomi Mi 9/ Mi 9 SE ၊ Mi 8/8 Pro / 8 Explorer Edition ၊ Mi Mix 2S ၊ Mi Mix 3 / Mi Mix 3 5G ၊ Redmi K20 ၊ Redmi K20 Pro တို့မှာ တင်နိုင်မယ်လို့Android Authority မှာ ဖော်ပြထားပါတယ်။

         Xiaomi နဲ့Redmi ဖုန်းတွေ ဖြစ်တဲ့ Mi 9 ၊ Mi Mix 3 5G နဲ့Redmi K20 Pro တို့ဟာ Android Q Beta ပရိုဂရမ်မှာ ပါဝင်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က