လူ ၂၀၀၀၀ ကို ဒေါ်လာ ၂၅၀ စီပေးသွားမှာပါ

COVID-19 ကြောင့် ထိခိုက်သူများအတွက် အသေးသုံး ထောက်ပံ့ငွေ ဒေါ်လာ ၂၅၀ စီ ပေးမယ့် အန်ဒရူးယန်းရဲ့ Humanity Forward အစီအစဉ်အတွက် Twitter နဲ့ Square မိုဘိုင်း‌ငွေပေးချေရေးကုမ္ပဏီနှစ်ခုတို့ရဲ့ CEO ဂျက်ဒေါ်ဆီ ဟာ ဒေါ်လာ ၅ သန်း လှူဒါန်းလိုက်ပါတယ်။

Humanity Forward ပရဟိတအဖွဲ့အစည်းရဲ့ တိုက်ရိုက်ငွေကြေး ကူညီမှုအစီအစဉ်မှ တစ်ဆင့် ဂျက်ဒေါ်ဆီလှူဒါန်းလိုက်တဲ့ ဒေါ်လာ ၅ သန်းဟာ လူပေါင်း ၂ သောင်းကို တစ်ဦးလျှင် ဒေါ်လာ ၂၅၀ နှုန်းနဲ့ ထောက်ပံ့ကူညီနိုင်မှာ ဖြစ်တယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။



Photo: CNBC


"ဂျက်ရဲ့ လှူဒါန်းမှုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးကျဆင်းမှုအတွင်း အကူအညီလိုအပ်နေတဲ့ လူပေါင်းသိန်းချီ တိုက်ရိုက် သက်ရောက်ရုံတင် မဟုတ်ပါဘူး။ ဒါဟာ အမေရိကန်နိုင်ငံအတွင်း နိုင်ငံသားတိုင်း အခြေခံဝင်ငွေရရှိရေး UBI အတွက်ပါ Humanity Forward နဲ့ ကျွန်တော်တို့ လှုပ်ရှားမှုတွေကို ဆက်လက်ထောက်ပံ့ကူညီရာ ရောက်ပါတယ်။" လို့ သတင်းထုတ်ပြန်ချက်မှာ အန်ဒရူးယန်းက ပြောထားပါတယ်။

လှူဒါန်းလာတဲ့ ငွေတွေကို Humanity Forward's ရဲ့ Coronavirus Relief Fund ကနေ တစ်ဆင့် ကိုင်တွယ်မှာပါ။ ကိုရိုနာဗိုင်းရပ်စ် ထောက်ပံ့ရေး ရံပုံငွေဟာ ဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင်ဆုံးရှုံးသွားတဲ့ ဝင်ငွေနည်း အလုပ်သမားများအတွက် တိုက်ရိုက် ထောက်ပံ့ငွေအဖြစ် ပေးသွားမှာပါ။ Humanity Forward အစီအစဉ်ကို နည်းပညာလုပ်ငန်းရှင်နဲ့ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သူ အန်ဒရူးယန်းမှ မတ်လထဲမှာ စတင်ခဲ့တာပါ။ 

သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ခဲ့ပြီးနောက် အန်ဒရူးယန်းဟာ လူကို ပိုပြီး ဗဟိုပြုတဲ့ အမေရိကန်ဖြစ်ရေးဆိုတဲ့ မူဝါဒပိုင်းကို ပိုမိုအာရုံစိုက်လာသူ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသားတိုင်း ဒေါ်လာ ၁၀၀၀ ရရှိရေးဆိုတဲ့ သူ့ရဲ့ Universal Basic Income သီအိုရီကို အကောင်အထည်ဖော်တဲ့ အနေနဲ့ မတ်လကုန်ပိုင်းမှာ သူဟာ အလုပ်အကိုင်အခြေအနေအဆင်မပြေတဲ့ Bronx မှ အိမ်ထောင်စု ၅၀၀ ကို တစ်လ ဒေါ်လာ ၁၀၀၀ နှုန်း စတင် ပေးခဲ့ပါတယ်။ 

Photo: Fidar News



ဂျက်ဒေါ်ဆီရဲ့ လှူဒါန်းမှုကတော့ သူ့ရဲ့ Start Small ရံပုံငွေအစီအစဉ်ကနေ တစ်ဆင့် လှူခဲ့တာ ဖြစ်ပြီး ဒီအစီအစဉ်ကနေ Square မှ သူ့ပိုင်ရှယ်ယာဝေစုထဲကနေ ဒေါ်လာ ၁ ဘီလျံအထိ လှူဒါန်းသွားမယ်လို့လည်း ကြေညာထားတာပါ။ Twitter အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ ဂျက်ဒေါ်ဆီဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ America's Food Fund အတွက်လည်း ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးပြီးဆုံးချိန်မှာလည်း မိန်းကလေးများ ပညာသင်ကြားရေးနဲ့ UBI ဝင်ငွေအစီအစဉ်အတွက်ပါ Start Small မှတစ်ဆင့် လှူဒါန်းသွားမယ်လို့ ကြေညာထားပါတယ်။ ဂျက်ဒေါ်ဆီဟာ သမ္မတရွေးကောက်ပွဲက်ပွဲ ဒီမိုက်ကရက်တစ်ကမ်ပိန်းမှာလည်း အန်ဒရူးယန်းကို ထောက်ခံခဲ့သူ ဖြစ်ပါတယ်။ 
















Share

Loading Next Article...
က္က