ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး

ဂျာမဏီနိုင်ငံရဲ့ အဓိပတိ အိန်ဂျလာ မာကယ်အပါအဝင် ထင်ရှားကျော်ကြားသူများ ၊ နိုင်ငံရေးသမားများစွာရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

Photo: CNN


         Twitter အကောင့်တစ်ခုကနေ အခုလို အချက်အလက်ပေါက်ကြားကြောင်း အရင်ဆုံး သတင်းထွက်လာခဲ့တာ ဖြစ်ပြီး ဒီအကောင့်ကို Twitter ကုမ္ပဏီမှ ပိတ်သိမ်းလိုက်ပြီလို့New York Times က ဖော်ပြထားပါတယ်။ အချက်အလက်ပေါက်ကြားမှုမှာ ဆက်သွယ်နေကျ contact များ ၊ နှစ်ကိုယ်ကြား ပြောတဲ့ private chats များနဲ့ငွေကြေးပိုင်ဆိုင်မှုတွေပါ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

         နာမည်ကြီး အဆိုတော်လို ဆယ်လီများနဲ့ဂျာနယ်လစ်တွေရဲ့ အချက်အလက်တွေလည်း ပေါက်ကြားခဲ့တာပါ။ ဂျာမန်အဓိပတိ အိန်ဂျလာ မာကယ်လည်း ဒီတိုက်ခိုက်မှုကို ခံခဲ့ရပေမယ့် ကနဦး လေ့လာမှုများအရ အရေးကြီးတဲ့ အချက်အလက်တွေတော့ ပါသွားဖွယ်မရှိဘူးလို့အစိုးရပြောခွင့်ရအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တကယ်လို့အခု ဒေတာပေါက်ကြားမှုဟာ ဆိုက်ဘာတိုက်ခိုက်ခံရမှုနဲ့ဆက်နွှယ်နေမယ်ဆိုရင် ဒါဟာ ဂျာမဏီနိုင်ငံရေးအခင်းအကျင်းနဲ့ထင်ရှားသူများကို အဆင့်မြင့်နည်းပညာနဲ့တိုက်ခိုက်လိုက်တာလည်း ဖြစ်ပါတယ်။

         အခုထိတော့ ဒီပေါက်ကြားမှုဟာ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတာလား ၊ မတော်တဆမှုလားဆိုတာ မသိရသေးဘူးလို့ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။ ယခုဖြစ်ရပ်မှာ ဥရောပပါလီမန် ၊ ဂျာမန်ပါလီမန် နဲ့ဒေသတွင်း နိုင်ငံရေးသမားများအပါအဝင် အလွှာအသီးသီးမှ ဂျာမန်ဥပဒေပြု ပုဂ္ဂိုလ်များလည်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ဂျာမန်အာဏာပိုင်များအနေနဲ့လက်သည်တရားခံရှာဖို့အပြင်းအထန်ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။

Photo: BBC      

         ဂျာမန်ဆိုက်ဘာလုံခြုံရေးသုတေသီ ဆီဗင်ဟာပစ်ကတော့ တိုက်ခိုက်တဲ့ ပုံစံကို ကြည့်ပြီး ရုရှားကို သံသယဝင်တယ်လို့ပြောပါတယ်။ ဒီနှစ်ထဲမှာ ဂျာမဏီပြည်နယ်၄ ခု ရွေးကောက်ပွဲ ရှိသလို ဥရောပပါလီမန်မှာလည်း ရွေးကောက်ပွဲ ရှိနေပါတယ်။

၂၀၁၅ ကလည်း Bundestag အောက်လွတ်တော် ကွန်ပျူတာထဲက အချက်အလက်တွေ အခိုးခံရမှုမှာ ရုရှားဟက်ကာတွေကို ပြစ်တင်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးဌာန ကွန်ပျူတာကွန်ရက်ဟာ အဆင့်မြင့်ဆိုက်ဘာတိုက်ခိုက်မှုဒဏ်ခံခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က