တစ်နာရီ ၄.၅ ဒေါ်လာ ပေးနေတာပါ

     တရုတ်မှာ အွန်လိုင်းဂိမ်းတွေကစားဖို့အတွက် အမျိုးသမီးတွေကို နာရီအလိုက် ပိုက်ဆံပေးပြီး ငှားရမ်းတဲ့ ဝန်ဆောင်မှုခေတ်စားနေတယ်လို့ဆိုပါတယ်။

         Daofeng Esports Games ဝက်ဘ်ဆိုက်ရဲ့ အွန်လိုင်း chatroom မှာ မိန်းကလေးတွေကို ဂိမ်းကစားဖို့ခေါ်နေတာ ဖြစ်တယ်လို့South China Morning Post မှ ဖော်ပြထားပါတယ်။ ဝက်ဘ်ဆိုက်မှာ ခေါ်ထားတဲ့ အချက်အလက်တွေအရ PUBG ၊ Overwatch နဲ့League of Legends တို့လို ဂိမ်းတွေ ကစားရမယ်လို့ဆိုပါတယ်။

Photo:scmp



         တစ်နာရီ ဂိမ်းကစားရင်တော့ ၄.၅ ဒေါ်လာ (ယွမ် ၃၀) ကို WeChat ကနေ ချက်ချင်း ငွေလွဲှပေးနေတာလည်း ဖြစ်ပါတယ်။ Daofeng Esports Games မှာ ဂိမ်မာအကောင့် သိန်းနဲ့ချီ ရှိထားပြီး အများစုဟာ မိန်းကလေးတွေ ဖြစ်တယ်လို့ဆိုပါတယ်။ နာရီလိုက် အခပေး ဂိမ်းကစားလိုတဲ့ သူတွေဟာ chat rooms တွေထဲကနေ သွားပြီး အလုပ်တောင်းလို့ရသလို ဝက်ဘ်ဆိုက်ပေါ်က ပေ့ချ်တွေမှာလည်း သွားပြီး request လုပ်လို့ရမှာပါ။

         တရုတ်နိုင်ငံမှာ ဂိမ်းကစားမှု ရေစီးကြောင်းဟာ အရှိန်မြင့်နေပြီး ဂိမ်းကစားမှုနဲ့အသက်မွေးတဲ့ အလုပ်အကိုင်ကလည်း ကြီးမားလာနေပါတယ်။ တရုတ်ဂိမ်မာတစ်ဦးဖြစ်တဲ့ Lingfeng ဆိုသူကတော့ တရုတ်မှာ နာမည်ကြီးဂိမ်မာတစ်ယောက်ဟာ ယွမ်သိန်းချီ ဝင်တယ်လို့ဆိုပါတယ်။ တစ်ချို့ဂိမ်မာတွေကတော့ တစ်နာရီကို ၄၈ ယွမ် (၇.၂ ဒေါ်လာ) ဝင်နေတာပါ။ နာမည်ကြီး ဂိမ်းပြိုင်ပွဲတွေကလည်း တရုတ်မှာ ကျင်းပနေပြီး ဆုကြေးတွေလည်း အတော့်ကို ပေးလာကြပါတယ်။

Photo: motherboard

         နာမည်ကျော် Dota 2 ပြိုင်ပွဲတစ်ခုဖြစ်တဲ့ The International 2019 ကိုတော့ လာမယ့် သြဂုတ်လ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ ရှန်ဟိုင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဆုကြေး ဒေါ်လာ ၂၅ သန်းကျော်ပေးမယ့် eSport ဂိမ်းဖြစ်လို့ကမ္ဘာ့ဆုကြေးအမြင့်ဆုံး ဂိမ်းပြိုင်ပွဲလို့ပြောရမှာပါ။ ဗွီဒီယိုဂိမ်းတွေဟာလည်း တရုတ်နိုင်ငံက ကျောင်းတွေမှာသင်ရိုး ညွှန်းတမ်းအဖြစ် ထည့်သွင်းသင်ကြားပေးနေပါတယ်။

         တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဂိမ်းကုမ္ပဏီတွေထဲမှာ ပါဝင်တဲ့ NetEase ဟာ မကြာသေးခင်ကပဲ ဂိမ်းသစ်တွေ ရေးဆွဲဖို့အမေရိကန်ဗွီဒီယိုဂိမ်းကုမ္ပဏီ Bungie နဲ့ပူးပေါင်းလိုက်ပြီး ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှပ်နှံထားပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဂိမ်းကုမ္ပဏီတစ်ခု အပါအဝင်ဖြစ်တဲ့ Tencent ဟာလည်း NetEase လိုပဲ ရည်မှန်းချက်ချပြီး ကမ္ဘာအရပ်ရပ်က Game Developer တွေနဲ့ပူးပေါင်းလုပ်ဆောင်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က