အနည်းဆုံး ပါင် ၇ သိန်းထိ ရသွားခဲ့တာပါ
Nyein Min Wai

     porn ဝက်ဘ်ဆိုက်ကြည့်တဲ့ သူတွေဆီကနေ ပေါင်သိန်းနဲ့ချီပြီး ငွေညှစ်ခဲ့တဲ့ ransomware ကျူးလွန်သူ ကျောင်းသားကို ယူကေတရားရုံးမှ ထောင်ဒဏ် ၆ နှစ် ၅ လ ချမှတ်ခဲ့ပါတယ်။


         ဇိန်းကိုင်ဇာဆိုသူ အသက် ၂၄ နှစ်အရွယ် ကျောင်းသားဟာ သူ့ရဲ့ programming ကျွမ်းကျင်မှုကို အသုံးချပြီး တစ်ကမ္ဘာလုံးက porn ပရိတ်သတ်တွေဆီ scam ထည့်ပြီး ငွေလိမ်ခဲ့တာပါ။ BBC သတင်းမှာ ဖော်ပြချက်အရ ကိုင်ဇာဟာ ဒီ porn ransomware attack ကနေ အနည်းဆုံး ပေါင် ၇ သိန်း ( ဒေါ်လာ ၉၁၄၀၀၀) ရခဲ့တယ်လို့ဖော်ပြထားပေမယ့် ယူကေအမျိုးသား ရာဇဝတ်မှု အေဂျင်စီ NCA ကတော့ သူတကယ်ရသွားတဲ့ ငွေဟာ ပေါင်သန်းပေါင်းများစွာ ရှိမယ်လို့ယုံကြည်ထားပါတယ်။

Photo: The Mirror


         ကိုင်ဇာဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက ransomware တိုက်ခိုက်မှုတွေကနေ ငွေရှာလာခဲ့သူ ဖြစ်ပြီး နောက်ပိုင်းမှာ အဆင့်မြင့် hacking tools တွေ ပေးနိုင်တဲ့ ရုရှားအဖွဲ့အစည်းတစ်ခုနဲ့အဆက်အသွယ်လုပ်ခဲ့ပါတယ်။ သဘောတူညီမှုအရ သူစီစဉ်ထားတဲ့ ငွေညှစ်မှု အောင်မြင်မယ်ဆိုရင် အကျိုးအမြတ်ကို ဒီရုရှားအဖွဲ့အစည်းနဲ့ခွဲယူကြမှာ ဖြစ်ပြီး ကိုင်ဇာအနေနဲ့ ငွေအပြောင်းအလဲ လုပ်ဖို့အတွက် တရုတ်နဲ့အမေရိကန်က အွန်လိုင်း ရာဇဝတ်မှု ကျူးလွန်သူတွေနဲ့အဆက်အသွယ် ရရှိခဲ့တယ်လို့ဆိုပါတယ်။

         ကိုင်ဇာဟာ ၁၈ လကျော်အတွင်း ကမ္ဘာ့နာမည်အကြီးဆုံး တရားဝင် အပြာဝက်ဘ်ဆိုက်တစ်ချို့မှာ ကြော်ငြာထည့်တာနဲ့အွန်လိုင်းပရိုမိုးရှင်းအတွက် တရားဝင် supplier အဖြစ် ဟန်ဆောင်ပြီး ကြော်ငြာတစ်ခုချင်းစီမှာ Angler Exploit Kit လို့ခေါ်တဲ့ malicious tool တစ်ခု ထည့်သွင်းခဲ့ပါတယ်။ ဒီလိုနဲ့အပြာဝက်ဘ်ဆိုက်ထဲ ဝင်ကြည့်သူတွေထဲမှ ကိုင်ဇာရဲ့ ကြော်ငြာအတုကို ဝင် click မိတာနဲ့ဒီ tool ဟာ အဲဒီလူရဲ့ ကွန်ပျူတာထဲကို ဒေါင်းလုပ်ချပြီး ဝင်ရောက်သွားမှာပါ။

         တကယ်လို့ဒီကွန်ပျူတာထဲမှာ နောက်ဆုံးထွက် anti-virus ဆော့ဖ်ဝဲလ် ထည့်မထားရင်တော့ Angler ဟာ ဒီစက်ရဲ့ အားနည်းချက်ကို ရှာပြီး စက်ကို ထိန်းချုပ်ဖို့ransomware ဖြန့်သွားမှာ ဖြစ်ပါတယ်။ Angler ဟာ စက်ထဲ ဝင်ရောက်ထိန်းချုပ်ပြီးတာနဲ့FBI ဆီက မက်ဆေ့ပုံစံနဲ့screen အပြည့် မက်ဆေ့တစ်ခု ဝင်လာပြီး အခု user ဟာ ဥပဒေချိုးဖောက်တာ ဖြစ်လို့ပေါင် ၁၀၀ ချက်ချင်း ဒဏ်ကြေးဆောင်ဖို့နဲ့မဆောင်ရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံစေမှာ ဖြစ်ကြောင်း သတိပေးတဲ့ စာ တက်လာမှာပါ။

Photo: ZDNet

         NCA ရဲ့ တွေ့ရှိချက်အရ ကိုင်ဇာဟာ ဒီလို တိုက်ခိုက်မှုကနေ ပေါင် ၇ သိန်း မြတ်ခဲ့ပြီး သူ့ရဲ့ ကွန်ရက်က လူတွေကတော့ ငွေစီးဆင်းမှု ခြေရာခံလို့မရတဲ့ crypto ငွေကြေး ပလက်ဖောင်းကနေ ပေါင် ၄ သန်းအိ ငွေကြေး ခဝါချခဲ့ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ကိုင်ဇာရဲ့ ကြော်ငြာအတုတွေဟာ တစ်လကို web pages ပေါင်း ၂၁ သန်းမှာ တက်လာခဲ့ပြီး ၂၀၁၄ ဇူလိုင် တစ်လတည်းမှာကို သူဟာ ပေါင် ၁၁၀၀၀ အထိ ရှာနိုင်ခဲ့ပါတယ်။ ကိုင်ဇာရဲ့ ransomware တိုက်ခိုက်မှုကို နိုင်ငံပေါင်း ၂၂ နိုင်ငံက porn ပရိတ်သတ်တွေ ခံခဲ့ရတယ်လို့လည်း NCA က ဖော်ပြထားပါတယ်။

         ၂၀၁၄ ဇူလိုင်လထဲမှာ သူကြော်ငြာထားဖို့သုံးနေတဲ့ Advertising Agency တစ်ခုကနေ ရဲကို သတင်းပေးတာကနေ ကိုင်ဇာကို ဖင်္မးဆီးနိုင်ခဲ့ပါတယ်။ ကိုင်ဇာဟာ ဒီကုမ္ပဏီကိုလည်း DDoS attack လုပ်ခဲံပြီး ကုမ္ပဏီအနေနဲ့ပေါင် ၅ သိန်းဝန်းကျင် ဆုံးရှုံးမှု ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ကိုင်ဇာကို ခြိမ်းခြောက်ငွေညှစ်မှု ၊ လိမ်လည်မှု ၊ ငွေကြေး ခဝါချမှု ၊ ကွန်ပျူတာ တလွဲသုံးမှုအပါအဝင် အမှုပေါင်း ၁၁ ခုနဲ့တရားစွဲပြီးနောက် Kingston Crown တရားရုံးမှ ၆ နှစ်ကျော် ထောင်ဒဏ်ပေးခဲ့တာပါ။ 


ဆက်စပ်အကြောင်းအရာများ


က္က