ဘဏ်အတော်များများက ဖယ်ရှားမှု လုပ်လာတာပါ
Nyein Min Wai

ကမ္ဘာတစ်လွှားက ဘဏ် app အတော်များများမှာ Galaxy S10 နဲ့Note 10 ဖုန်းတွေကို support ပေးမှု ပိတ်ထားကြပါတယ်။


Galaxy S10 နဲ့Galaxy Note 10 ဖုန်းတွေမှာ ကြုံနေရတဲ့ လက်ဗွေလုံခြုံရေး ပြဿနာကြောင့် ယူကေဘဏ်တစ်ခုဖြစ်တဲ့ Nationwide Building Society ရဲ့ app ထဲမှာ Galaxy S10 ဖုန်းပိုင်ရှင်တွေအတွက် လက်ဗွေနဲ့Login ဝင်လို့ရတဲ့ option ကို ပိတ်ထားခဲ့သလို နောက်ထပ် ယူကေအခြေစိုက် ဘဏ်တစ်ခု ဖြစ်တဲ့ NatWest ကလည်း Galaxy S10 ဖုန်းသုံးသူတွေအတွက် Google Play Store ကနေ apps တွေကို ဖယ်ရှားထားတယ်လို့Gizchina သတင်းက ဆိုပါတယ်။


Photo: bleepingcomputer

" ကျွန်တော်တို့ဟာ Galaxy S10 ဖုန်း သုံးစွဲသူ ဖောက်သည်တွေအတွက် Play Store ဆီကနေ app တွေ ဖယ်ရှားထားပါတယ်။ အကြောင်းကတော့ ဒီဖုန်းတွေနဲ့ဆက်စပ်တဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့်ပါ။ ဒီပြဿနာ ဖြေရှင်းပြီးတာနဲ့ကျွန်တော်တို့ရဲ့ app ကို ပြန်သုံးနိုင်ဖို့မျှော်လင့်ပါတယ်။" လို့NatWest က ထုတ်ပြန်ပါတယ်။

တရုတ်ဘဏ်ဖြစ်တဲ့ Bank of China ကတော့ Galaxy S10 နဲ့Galaxy Note 10 အပြင် Tab S6 ပိုင်ရှင်တွေကို support ပေးမှုပါ ဖြုတ်ချခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ အကြီးဆုံးဘဏ်တွေထဲက တစ်ခု ဖြစ်တဲ့ Hapoalim Bank ကလည်း အလားတူ ဖယ်ရှားမှု လုပ်ခဲ့ပါတယ်။

တောင်ကိုရီးယားက အွန်လိုင်းဘဏ်တစ်ခု ဖြစ်တဲ့KaKao Bank ကလည်း ဖောက်သည်များအနေနဲ့လက်ဗွေနဲ့ဝင်ရောက်မှုကို ပိတ်ထားဖို့သတိပေးမှု လုပ်ဆောင်ထားပါတယ်။ Samsung ကုမ္ပဏီကလည်း Galaxy S10 စီးရီးနဲ့Note 10 မော်ဒယ်တွေမှာ သုံးထားတဲ့ ultrasonic fingerprint scanner ရဲ့ ပြဿနာကို သိရှိထားပြီး ဆော့ဖ်ဝဲလ် update ပေးဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။

Photo: wccftech


Galaxy S10 တွေမှာ လက်ဗွေ register သွင်းမထားသူတွေရဲ့ လက်ဗွေနဲ့ဝင်ရောက်နိုင်တဲ့ ပြဿနာကို ဗြိတိန်မှ လီဆာနယ်ဆင်ဆိုသူ အမျိုးသမီးက စပြီး သတိထားမိတာ ဖြစ်ပါတယ်။ လီဆာဟာ သူမရဲ့ ဖုန်းကို ညာဘက်လက်ဗွေနဲ့Register လုပ်ထားတာ ဖြစ်ပေမယ့် ဘက်လက်နဲ့ပါ ဖုန်းကို Unlock လုပ်နိုင်တာ တွေ့ရပြီးနောက် သူမယောင်္ကျားကို စမ်းသပ်ကြည့်စေရာမှာလည်း အလားတူ အလုပ်လုပ်နိုင်တာ တွေ့ခဲ့ရတာပါ။

Samsung Galaxy S10 စီးရီးနဲ့ ပထမဆုံး သုံးလာတဲ့ မှန်ပြင်အောက် ultrasonic လက်ဗွေဖတ်စနစ်မှာ ကြုံတဲ့ ပြဿနာဟာ ဈေးပေါတဲ့ third-party screen protector ကြောင့်လို့ဆိုပါတယ်။ ဒီပြဿနာကြောင့်ပဲ ပုံမှန် ဘဏ်အကောင့်တွေနဲ့ချိတ်ဆက်ထားတဲ့ Samsung ငွေချေရေး app ဖြစ်တဲ့ Samsung Pay သုံးသူတွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့တာပါ။


က္က