စမတ်ဖိနပ်အဖြစ် အဆင့်မြှင့်တင်သွားမှာပါ

အလိုအလျောက် ကြိုးချည်နိုင်သလို ဖိနပ်ဘေးမှာ ရှိတဲ့ LED ခလုတ်တွေကနေလည်း ထိန်းချုပ်မှုတွေ လုပ်နိုင်မယ့် ဘက်စကတ်ဘောဖိနပ်သစ် တစ်မျိုးကို Nike က မိတ်ဆက်လိုက်ပါတယ်။

Photo: dezeen



         Nike Adapt BB လို့နာမည်ပေးထားတဲ့ ဒီဖိနပ်ဟာ Fit Adapt လို့ခေါ်တဲ့ အလိုအလျောက် ဖိနပ်ကြိုး အလျှော့/အတင်းလုပ်နိုင်တဲ့ နည်းပညာပါရှိပါတယ်။ ဒီဖိနပ်နဲ့ချိတ်ဆက်မယ့် app ကတော့ Nike Adapt လို့ခေါ်ပြီး ဖုန်းပေါ်က ဒီ app ကနေ ဖိနပ်ကြိုးကို ကုန်းပြီး ချည်စရာမလိုအောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

         သွေးပူလေ့ကျင့်ခန်းတွေ လုပ်ရာမှာ ဖိနပ်ကြိုးကို မတူညီတဲ့ အလျှော့အတင်း စနစ် settings များကိုလည်း Nike Adapt BB ဖိနပ်စီးသူများအတွက် နောက်ပိုင်းမှာ ထပ်ပြီး update ပေးသွားမယ်လို့ဆိုပါတယ်။ app ကနေ ဖိနပ်ကြိုးအနေအထားကို လိုသလို ထိန်းချုပ်နိုင်တဲ့အပြင် ဖိနပ်ဘေးကိုယ်ထည်မှာ ပါတဲ့ ပါဝါလုတ်တွေရဲ့ ကာလာကိုပါ ပြောင်းနိုင်မှာပါ။ ဖိနပ်ကြိုးကို manual ချည်တာမှ ကြိုက်သူတွေအတွက်လည်း ဖိနပ်ရဲ့ ဘေးတွေမှာ ပါတဲ့ LED အထိန်းခလုတ်တွေကနေ ထိန်းချုပ်နိုင်မယ်လို့ဆိုပါတယ်။

         Nike Adapt BB ဟာ အားကစားသမားတွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်ထားတဲ့ စမတ်ဖိနပ်ဖြစ်ပြီး နောက်ပိုင်းမှာ ဖိနပ်ကနေ စီးထားသူရဲ့ ကျန်းမာရေးအချက်အလက်တွေပါ ပြောနိုင်အောင် ထုတ်သွားဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။

         "အားကစားသမားတွေအနေနဲ့စမတ်ဖုန်းနည်းပညာကနေတစ်ဆင့် ဖိနပ်အတွက် အဆင့်မြှင့်တင်မှုတွေ ၊ features နဲ့ဝန်ဆောင်မှုသစ်တွေ ထောက်ပံ့မှု ရလာမှာပါ။" လို့Nike ရဲ့ ဆန်းသစ်တီထွင်မှု ဆိုင်ရာ ဒု-ဥက္ကဌ မိုက်ကယ်ဒွန်နာဂူက ဆိုပါတယ်။Nike Adapt BB ဟာ ကုမ္ပဏီရဲ့ သမိုင်းတစ်လျှောက်မှာ စမ်းသပ်မှု အများဆုံး လုပ်ထားတဲ့ ဖိနပ်ဖြစ်တယ်လို့Nike ကုမ္ပဏီမှ သုတေသနပညာရှင်များက ပြောထားပါတယ်။



         Nike ရဲ့ ဒီဖိနပ်ကို အော်ရီဂွန်မှာရှိတဲ့ Nike ကမ္ဘာ့ရုံးချုပ်မှာ ဘက်စကတ်ဘောပလေယာများနဲ့အကြိမ်ကြိမ် စမ်းသပ်စီးနင်း ကစားစေခဲ့သလို Nike Adapt အက်ပလီကေးရှင်ကို စမ်းသပ်ဖို့သွေးပူလေ့ကျင့်ခန်းတွေ လုပ်ဆောင်စေခဲ့ပါတယ်။ Nike Adapt BB ကို ဒေါ်လာ ၃၅၀ (မြန်မာငွေ ၅ သိန်းကျော် ) ဈေးနဲ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က