ဈေးကွက်လက်ဝါးကြီးအုပ်မှု ရှိမရှိ စုံစမ်းသွားမှာပါ

     အက်ပလီကေးရှင်းဈေးကွက်ကို လက်ဝါးကြီးအုပ်တယ်လို့ထင်တဲ့ iPhone သုံးစွဲသူတွေအနေနဲ့Apple ကို တရားစွဲမယ်ဆိုရင် App Store ကနေ တရားစွဲနိုင်တယ်လို့အမေရိကန်တရားရုံးချုပ်မှ အမိန့်ချမှတ်ထားပါတယ်။

         တရားစီရင်ရေးမှာ ပါတဲ့ အဓိကပုဂ္ဂိုလ်တွေဟာ Apple ပြောတဲ့ app ဝယ်သူဟာ Apple ရဲ့ တိုက်ရိုက်ဖောက်သည်မဟုတ်ဘူးဆိုတဲ့ စကားကို သဘောမတူခဲ့ဘူးလို့CNET သတင်းမှာ ဖော်ပြထားပါတယ်။ App Store ဟာ developers နဲ့တစ်ခြား ဆော့ဖ်ဝဲလ်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို ရောင်းချဖို့အတွက် လုပ်ထားတဲ့ ပလက်ဖောင်းဖြစ်တာကြောင့် App Store ပေါ်က app ဈေးနှုန်းတွေနဲ့ပတ်သက်ပြီး Apple ကို တရားစွဲတဲ့အချက်ကို ကုမ္ပဏီဘက်မှ ငြင်းဆန်ခဲ့တာပါ။



Photo: Cnet

         ဒီငြင်းဆန်မှုပေါ် တရားသူကြီး ဘရက်အမ်ကာဗာနော့နဲ့ခုံသမာဓိ ၄ ဦးမှ ပယ်ချခဲ့ပြီး App Store ကနေ အက်ပလီကေးရှင်း ဝယ်သုံးတဲ့ iPhone ပိုင်ရှင်တွေအနေနဲ့Apple ကို တရားစွဲနိုင်တယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Apple နဲ့Pepper အမှုတွဲကို အောက်တရားရုံး လွဲှပေးထားပြီး Apple ရဲ့ စီးပွားရေးမူဝါဒလုပ်ဆောင်ချက်တွေဟာ တရားဝင်မဝင်ဆိုတာကို စုံစမ်းစစ်ဆေးသွားမှာပါ။

         တရားရင်ဆိုင်မှုဟာ အနည်းဆုံး ၁ နှစ်ကျော် ကြာမြင့်ဖို့ရှိပြီး Apple ကတော့ ဈေးကွက်လက်ဝါးကြီး အုပ်မှု မလုပ်သလို ဒီတရားစွဲမှုမှာလည်း နိုင်မယ်လို့ယုံကြည်ကြောင်း ထုတ်ပြန်ထားပါတယ်။ Apple ဟာ App Store ပေါ်က ဆော့ဖ်ဝဲလ် app တွေကို ဈေးပိုတင်ပြီး ဈေးကွက်ခြယ်လှယ်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကြုံတွေ့နေပါတယ်။

Photo: TechSpot

         App Store ရဲ့ ဈေးကွက်မော်ဒယ်အရ Apple ဟာ Developer တွေဆီက နှစ်စဉ် မန်ဘာကြေး ၉၉ ဒေါ်လာ ကောက်ခံပြီး app တစ်ခုချင်းစီရဲ့ လက်လီဈေး သတ်မှတ်ခွင့်ပေးပါတယ်။ ဒီဈေးပေါ်မှာမှ app တစ်ခုရောင်းရတိုင်း ၃၀% ပြန်ဖျက်တယ်လို့ဆိုပါတယ်။ App Store ပေါ်က Subscription တွေအတွက်တော့ ပထမတစ်နှစ် သုံးပြီးတာနဲ့ကော်မရှင်ခ ၁၅% ကောက်ခံနေတာပါ။

         ဒါကြောင့်ပဲ ၂၀၁၁ ခုနှစ်မှာ Apple ကို ရောဘတ်ပတ်ပါအပါအဝင် iPhone သုံးစွဲသူတစ်ချို့က ယုံကြည်မှု ဖောက်ဖျက်ခြင်းအမှုနဲ့တရားစွဲထားတာပါ။ တရားစွဲရာမှာ ဖြစ်သင့်တာထက် app တွေကို ဈေးတင်ထားတယ်ဆိုပြီး တရားစွဲခဲ့တာ ဖြစ်ပြီး Apple ကတော့ တိုက်ရိုက်ဖောက်သည်မဟုတ်လို့တရားစွဲခွင့်မရှိကြောင်း လျှောက်လဲခဲ့တာပါ။ ၂၀၁၀ ဇူလိုင်လကနေ ၂၀၁၈ နှစ်ကုန်ပိုင်းအထိ Apple App Store ကနေ Apple ဟာ ဒေါ်လာ ဘီလျံ ၁၃၀ ဝင်ခဲ့ပြီး အကြမ်းဖျဉ်း app Download ဆွဲမှုအကြိမ်ရေ ဘီလျံ ၁၇၀ ခန့်ရှိခဲ့တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က