၂၀၂၀ မှာ ဒီဇိုင်းကုမ္ဗဏီသစ် တည်ထောင်သွားမှာပါ
Nyein Min Wai

     ၁၉၉၆ ကစပြီး iPhone ဒီဇိုင်းတွေ ထုတ်လုပ်မှူမှာ ဦးဆောင်ခဲ့သူ ယောနသန်အိဗ်ဟာ ဒီနှစ်ကုန်မှာ Apple ကနေ ထွက်သွားတော့မှာပါ။


        Apple ရဲ့ အရေးပါတဲ့ ထုတ်ကုန်တွေအတွက် ဒီဇိုင်းတွေကို နှစ်ပေါင်း ၃၀ နီးပါး တီထွင်ကြံဆပေးခဲ့သူ အိဗ်ဟာ Apple ကနေ ထွက်ပြီး ကိုယ်ပိုင် ဒီဇိုင်းကုမ္ဗဏီတစ်ခု တည်ထောင်သွားမယ်လို့The Verge သတင်းမှာ ဖော်ပြထားပါတယ်။ ဒီကုမ္ဗဏီသစ်မှာ နာမည်ကြီး ဒီဇိုင်နာ မာ့စ်နယူးဆင်နဲ့ပူးပေါင်း တည်ထောင်သွားမှာ ဖြစ်ပြီး LoveFrom လို့နာမည်ပေးသွားမှာပါ။

Photo: Reuters

        လက်ရှိ Apple ရဲ့ ဒီဇိုင်းအမှူဆောင်အရာရှိချုပ် အိဗ်အနေနဲ့Apple က ထွက်ခွာသွားပေမယ့် Apple နဲ့လက်တွဲပြီး ပရောဂျက်တွေ ဆက်လုပ်သွားမယ်လို့ပြောထားပါတယ်။ Apple ဘက်ကလည်း ဒီအချက်ကို အတည်ပြုထားပါတယ်။

        “ Apple ဟာ သီးသန့်ပရောဂျက်တွေမှာ အိဗ်နဲ့တိုက်ရိုက်လက်တွဲ အလုပ်လုပ်ပြီး သူ့ရဲ့ ပင်ကိုစွမ်းရည်ကို ဆက်ပြီး ရရှိနေမှာပါ။” လို့Apple ရဲ့ CEO တင်မ်ကွတ်ခ်က ပြောပါတယ်။ “ နှစ်ပေါင်းများစွာ ကျွန်တော်တို့အတူ လက်တွဲ အလုပ်လုပ်ခဲ့ပြီးနောက် ကျွန်တော်တို့ဆက်ဆံရေး ဒီလိုတိုးတက်ပြောင်းလဲလာတာကို ပျော်ပါတယ်။ နောက်နောင်လည်း ဂျွန်နီနဲ့တွဲပြီး အလုပ်လုပ်ဖို့မျှော်လင့်ပါတယ်။ ”

        ကမ္ဘာပေါ်မှာ အထူးချွန်ဆုံးနဲ့လူသိအများဆုံး စက်မှူဒီဇိုင်နာတွေထဲက တစ်ဦးဖြစ်တဲ့ အိဗ်ဟာ Macs ၊ iPod ၊ iPhone ၊ Apple Watch စတဲ့ နာမည်ကျော် ထုတ်ကုန်တွေရဲ့ ဒီဇိုင်းကို ထုတ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ နောက်ဆုံး စတိဗ်ဂျော့စ်ဆောက်ချင်ခဲ့တဲ့ Spaceship ရုံးသစ်ကြီးအတွက် ဒီဇိုင်းဆွဲတာနဲ့Apple လက်လီအရောင်းဆိုင်တွေရဲ့ ဒီဇိုင်းမှာပါ သူပါခဲ့ပါတယ်။

        အိဗ်ဟာ ဒီနှစ်ကုန်ပိုင်း ထွက်လာမယ့် Mac Pro သစ်အတွက်လည်း ဒီဇိုင်းဆွဲပေးခဲ့ပြီး hardware designအပြင် Apple ရဲ့ ဆော့ဖ်ဝဲလ်ဒီဇိုင်းသစ် ပြောင်းရာမှာပါ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က iOS 7 သစ်ကို ဒီဇီုင်းပြောင်းခဲ့ရာမှာ သူဟာ ပင်တိုင်ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်သား အိဗ်ဟာ ၂၀၁၂ ခုနှစ်မှာ ဆာဘွဲ့ရသူကောင်းပြုခံရသူ ဖြစ်လာခဲ့ပါတယ်။

Photo: BBC

      စတိဗ်ဂျော့စ် Apple ကို ပြန်ဝင်လာတဲ့ ၁၉၉၇ ကစပြိး သူဟာ ဂျော့စ်နဲ့ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ၁၉၉၈ မျာ iMac ကို ပထမဆုံး ဒီဇိုင်း ထုတ်ခဲ့ပါတယ်။ ဂျော့စ်ဟာ ၂၀၀၇ ခုနှစ်က ပထမဆုံး iPhone ကြေညာချိန်မှာ အိဗ်ရဲ့ နာမည်ကို ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

        Apple ဟာ သူ့ကို ၂၀၁၅ မှာ ကုမ္ဗဏီရဲ့ ဒီဇိုင်းအမှူဆောင်အရာရှိချုပ်အဖြစ် ရာထူးတိုးပေးခဲ့ပါတယ်။ ၂၀၂၀ မှာတော့ Apple ဟာ LoverFromရဲ့ ပထမဆုံး ဖောက်သည် ဖြစ်လာမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က