Apple News+ သစ်လည်း မိတ်ဆက်ထားပါတယ်

၂၀၁၅ ခုနှစ်က စတင်ဖြန့်ချိခဲ့တဲ့ Apple ရဲ့ သတင်းခန်းဝန်ဆောင်မှုကို ဖတ်ရှုသူဦးရေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၈% တက်လာခဲ့ပါတယ်။

၂၀၁၉ နှစ်ဆန်းပိုင်းက Apple News သုံးစွဲသူဦးရေဟာ ၈၅ သန်းကျော် ရှိရာကနေ အခုဆို သန်း ၁၀၀ ရှိသွားပြီလို့ New York Post သတင်းက ဖော်ပြထားပါတယ်။ Apple သတင်း app ဝန်ဆောင်မှုကို ကနေဒါ ၊ အမေရိကန် ၊ ယူကေနဲ့ဩစတြေးလျ ဈေးကွက် ၄ နေရာမှာ မိတ်ဆက်ထားပြီး app ကို iPhone ၊ iPad နဲ့ Mac ကွန်ပျူတာတွေကနေ ဖတ်ရှုနိုင်ပါတယ်။



Apple News သတင်းတွေဟာ မဂ္ဂဇင်းများ ၊ သတင်းစာများနဲ့ အွန်လိုင်းပေါ်က သတင်းဆောင်းပါးတွေ စုစည်းထားတာပါ။ Apple ဟာ ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ အခပေးသတင်းဝန်ဆောင်မှု Apple News+ ကို ကြေညာခဲ့ပါတယ်။ Apple News+ ဟာ တစ်လကို ၉.၉၉ ဒေါ်လာပေးပြီး ဖတ်ရှုရတဲ့ အခပေးသတင်းဝန်ဆောင်မှု ဖြစ်ပြီး subscriber အရေအတွက်တော့ မသိရသေးပါဘူး။

Photo: dailygamingworld


Apple App Store ရဲ့ စက်တင်ဘာ တတိယသုံးလပတ် ဝင်ငွေစာရင်းကလည်း ပြီးခဲ့တဲ့နှစ်ကထက် ၁၆% ပိုတက်လာခဲ့သလို နှစ်သစ်ကူးတစ်နေ့တည်းမှာ App Store ပေါ်ကနေ ငွေသုံးစွဲမှုဟာ ‌ဒေါ်လာ ၃၈၆ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ခရစ္စမတ်အကြိုနဲ့ နှစ်သစ်ကူးကာလအတွင်း App Store ဝင်ငွေဟာ ဒေါ်လာ ၁.၄၂ ဘီလျံ ရှိခဲ့ပြီး ၂၀၁၉ အတွင်းမှာ Apple ဟာ developers တွေကို ဒေါ်လာ ၃၈ ဘီလျံ ပေးခဲ့ပါတယ်။

App Store ကို စတင်ဖြန့်ချိတဲ့ ၂၀၀၈ ခုနှစ်ကနေ ဒိနေ့အချိန်အထိ ရခဲ့တဲ့ဝင်ငွေဟာ ဒေါ်လာ ၁၅၅ ဘီလျံရှိခဲ့တယ်လို့ ဆိုပါတယ်။ iPhone ရောင်းအားကတော့ ပြီးခဲ့တဲ့နှစ်ကထက် ၁၄% ကျဆင်းခဲ့တယ်လို့လည်း Reuters သတင်းက ဖော်ပြထားပါတယ်။ Apple ဟာ မကြာခင်မှာ Apple News+ ကို တစ်ခြား ဝန်ဆောင်မှုတွေဖြစ်တဲ့ Apple Music နဲ့ Apple TV+ တို့နဲ့ ပေါင်းပြီး services တွေကနေ ဝင်ငွေပိုရဖို့ ဈေးကွက်ဗျူဟာ တိုးချဲ့ဖို့ရှိတယ်လို့ Wedbush Securities မှ ဈေးကွက်သုတေသီ ဒန်နီရယ် အိဗ်စ်က ဆိုပါတယ်။

"ကမ္ဘာတစ်ဝှမ်းမှာ သုံးနေကြတဲ့ iPhone ပေါင်း သန်း ၉၀၀ ကနေ သူတို့ ငွေရှာနေကြတယ်။ ဝန်ဆောင်မှုတွေက ဒီနေရာမှာ တကယ့်အင်ဂျင်ပါပဲ" လို့ အိဗ်စ်က ပြောပါတယ်။

Photo: cultofmac


၂၀၁၉ ခုနှစ်ဟာ Apple ရဲ့ သမိုင်းမှာ ဝန်ဆောင်မှုပိုင်းအတွက် အကြီးကျယ်ဆုံးနှစ်တစ်နှစ်လို့ Apple ရဲ့ ဆော့ဖ်ဝဲလ်နဲ့ ဝန်ဆောင်မှုပိုင်း အကြီးတန်း ဒုဥက္ကဌ အက်ဒီချုးက ညွှန်းဆိုခဲ့ပါတယ်။ ၂၀၁၉ တစ်နှစ်အတွင်းမှာ Apple ဟာ Apple News+ ၊ Apple Card ၊ Apple Arcade Apple TV+ ဆိုပြီး ဝန်ဆောင်မှု အသစ်တွေ မိတ်ဆက်ခဲ့ပါတယ်။

၂၀၂၀ အတွင်းမှာ ဝါရှင်တန်ဒီစီ ၊ ရှင်းကျန့် ၊ ဂေါင်ကျိုး နဲ့ ဖိုးရှမ်တို့ အပါအဝင် မြို့ကြီးတွေက အများသုံးသယ်ယူ ပို့ဆောင်ရေးများမှာ Apple Card နဲ့ Apple Pay တို့ကို သုံးပြီး ငွေချေနိုင်တော့မှာပါ။ Apple TV app ကလည်း LG ၊ Sony နဲ့ Vizio စမတ်တီဗွီတွေပေါ် ရောက်လာတော့မယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က