တရုတ်ကားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ဖို့ထွက်ခဲ့တဲ့ အင်ဂျင်နီယာပါ

Xiaolang Zhang ဆိုတဲ့ Apple မှ hardware အင်ဂျင်နီယာဟောင်းဟာ ထောင်ဒဏ် ၁၀ နှစ်အပြင် ဒေါ်လာ ၂သိန်းခွဲ ဒဏ်တပ်ခံရမယ့် အမှုနဲ့ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။



 

Apple ရဲ့ လျှို့ဝှက်မောင်းသူမဲ့ကားပရောဂျက်ဖြစ်တဲ့ Project Titan မှာ Compute Team အဖွဲ့ဝင်အဖြစ် ၃ နှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့ Zhang ကို တရုတ်နိုင်ငံပျံသန်းမယ့် ဆန်ဟိုဆေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တာပါ။ Zhang ဟာ ပြီးခဲ့တဲ့ ဧပြီလက မီးဖွားခွင့်တင်ပြီး တရုတ်နိုင်ငံရှိ မိသားစုနဲ့သွားရောက်တွေ့ဆုံခဲ့ရာကနေ အပြန်မှာ အလုပ်က နှုတ်ထွက်စာတင်ခဲ့တာ ဖြစ်ပါတယ်။

ကွမ်ကျိုးမှာနေရင်း ကျန်းမာရေးမကောင်းတဲ့ မိခင်ကို ပြုစုဖို့အလုပ်ထွက်တာ ဆိုပေမယ့် အစည်းအဝေးမှာတော့ သူဟာ Alibaba ရန်ပုံငွေပေးထားတဲ့ တရုတ်ကားကုမ္ပဏီ XMotors မှာ အလုပ်လုပ်မယ်လို့သူ့ရဲ့ ကြီးကြပ်ရေးမှူးကို ဖွင့်ပြောခဲ့တယ်လို့ဆိုပါတယ်။

XMotors ဟာ မောင်းသူမဲ့ကားနည်းပညာကို ဦးတည်နေတဲ့ startup တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအချက်ကို သံသယဖြစ်နေချိန်မှာ Apple ဟာ တရားမဝင်ဒေါင်းလုပ်ဆွဲထားတဲ့ လုပ်ရှားမှုကို သတိပြုမှုခဲ့တယ်လို့တရားရုံးမှာ ထွက်ဆိုထားပါတယ်။ Zhang ခွင့်ယူပြီး တရုတ်ပြန်နေချိန်အတွင်း သူ့အခန်းထဲက လုံခြုံရေးကင်မရာမှ အချက်အလက်များလည်း ဖျက်ဆီးခံထားရတာပါ။

Apple ရဲ့ ဒစ်ဂျစ်တယ်မူခင်းစုံစမ်းရေးအဖွဲ့ဟာ Zhang မှ သူ့အမျိုးသမီးရဲ့ ကွန်ပျူတာဆီ ဒေါင်းလုပ်ဆွဲထားတဲ့ အချက်အလက်ထဲမှ အနည်းဆုံး ၆၀% ပို့ထားတာကို တွေ့ပြီးနောက် FBI ကို တိုင်ကြားခဲ့ပါတယ်။ Zhang အနေနဲ့ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို မယူခဲ့ဘူးလို့ငြင်းဆိုထားပေမယ့် hardware labs ထဲက ဆားကစ်ဘုတ်နှစ်ခုနဲ့linux ဆာဗာတစ်လုံး အပါအဝင် ပစ္စည်းများ ယူထားခဲ့တယ်လို့ဝန်ခံထားပါတယ်။

၂၀၁၅ ဒီဇင်ဘာလကနေ ၂၀၁၈ မေလအထိ Apple ရဲ့ ကားပရောဂျက်မှာ hardware engineer အနေနဲ့ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့သူ Zhang ဟာ Southeast University နဲ့ဗြိတိသျှ ကိုလံဘီယာတက္ကသိုလ်များကနေ ကျောင်းပြီးခဲ့သူ ဖြစ်ပြီး ဗြိတိသျှ ကိုလံဘီယာတက္ကသိုလ်မှာ သုတေသနအကူတစ်ယောက်အနေနဲ့လည်း အလုပ်လုပ်ခဲ့ပါတယ်။

photo: boygeniusreport

 

FBI ရဲတပ်ဖွဲ့ဟာ Zhang နေအိမ်ကို ဝင်ရောက် စီးနင်း ရှာဖွေခဲ့ပြီး တရုတ်ပြန်မယ့် လေယာဉ်လက်မှတ်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။ Zhang ကို တနလာၤနေ့က တရားရုံးမှာ ကြားနာစစ်ဆေးမှု စတင်ခဲ့ပြီး အမှု ထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် ၁၀ နှစ် နဲ့ဒေါ်လာ ၂ သိန်းခွဲ ငွေဒဏ်ပါ တပေါင်းတည်း ကျခံသွားဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က