၂၀၂၀ iPhone တွေမှာ 5G ဗားရှင်း ပါလာတော့မှာပါ

Huawei ဟာ ကုမ္ပဏီက ထုတ်တဲ့ ဖုန်းတွေမှာ ကိုယ်ပိုင် chipset နဲ့ဆယ်လူလာ modem တွေ ပြန်သုံးတဲ့ ရှားရှားပါးပါး ဖုန်းကုမ္ပဏီတွေထဲမှာ ပါပါတယ်။ မကြာခင်မှာ ပြိုင်ဘက်တွေကိုပါ Huawei ဟာ ကုမ္ပဏီရဲ့ hardware ထုတ်ကုန်တွေ ရောင်းချသွားဖို့ရှိပါတယ်။

Photo: iphoneincanada



         Huawei ကုမ္ပဏီနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး Engadget သတင်းမှာ ၂၀၂၀ ထုတ် iPhone တွေမှာ Huawei ရဲ့ Balong modem တွေ ရောင်းချဖို့စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ Balong 5000 ဟာ 5G Modem ဖြစ်ပြီး 5G download speed ကို တယ်လီကွန်းလောကမှာ benchmark အမြင့်ဆုံးနဲ့သုံးနိုင်မယ့် ပထမဆုံး ချပ်စ်ဖြစ်ပြီး ဒေါင်းလုပ်မြန်နှုန်း 4.6Gbps အထိ ဆွဲနိုင်တဲ့ ချစ်လည်း ဖြစ်ပါတယ်။

         တစ်ခုရှိတာက Huawei အနေနဲ့Balong chip ကို ပြင်ပကုမ္ပဏီတွေဆီ ရောင်းဖို့မရှိဘူးလို့ကုမ္ပဏီရဲ့ အမှုဆောင်တစ်ဦးက ဒီနှစ်ဆန်းပိုင်းက ပြောထားပါတယ်။ သူ့အပြောအရ Balong ဟာ Huawei စမတ်ထုတ်ကုန်တွေ ဖြစ်တဲ့ ဖုန်း နဲ့IoT ထုတ်ကုန်တွေမှာပဲ သုံးဖို့အဓိက ထုတ်ထားတာ ဖြစ်ပြီး လက်ရှိမှာ Huawei ကုမ္ပဏီအတွင်းမှာပဲ သုံးနေတယ်လို့ပြောခဲ့ပါတယ်။

         Engadget နဲ့တွေ့ဆုံခဲ့တဲ့ သတင်းအရင်းအမြစ်ကတော့ Huawei အနေနဲ့Balong 5G modem ကို တစ်ခြားကုမ္ပဏီတွေဆီ ရောင်းချဖို့စိတ်ကူးရှိပြီး Apple ကိုပဲ ရောင်းချင်နေတာလို့ဆိုပါတယ်။ Huawei ဟာ အမေရိကန်အစိုးရနဲ့ပြဿနာ တက်နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး ကုန်သွယ်ရေး လျှို့ဝှက်ချက် ခိုးယူကြောင်း စွပ်စွဲခံရသလို တရုတ်အစိုးရအတွက် စပိုင်သူလျှို လုပ်တယ်လို့လည်း အမေရိကန်ဘက်မှ သံသယရှိနေတာပါ။

Photo: venturebeat

         Apple ဟာ chip supplier ကြီးဖြစ်တဲ့ Qualcomm နဲ့တရားစွဲဆိုမှုတွေ ဖြစ်ပြီးနောက် Intel ကို 5G modem supplier အဖြစ် ရွေးထားပါတယ်။ တစ်ဘက်မှာလည်း Intel နဲ့Apple အကြားလည်း ပြဿနာရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပြီး Apple ဟာ modem supplier အဖြစ် Intel အပြင် Samsung နဲ့MediaTek တို့နဲ့လည်း စကားပြောထားတယ်လို့ဆိုပါတယ်။ Apple အနေနဲ့၂၀၂၁ ခုနှစ်မှာ ကိုယ်ပိုင် modem ထုတ်လုပ်သွားဖို့လည်း စီစဉ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က