ဒီနှစ်ထဲမှာ မိတ်ဆက်သွားဖို့ ရှိပါတယ်

ဒီနှစ်ကုန်ပိုင်းက စပြီး Apple ဟာ Mac ထုတ်ကုန်တွေအတွက် ကုမ္ပဏီထုတ် ARM နည်းပညာသုံး silicon chips တွေ အသုံးပြုတော့မယ်လို့ ဆိုပါတယ်။

Apple ဟာ ကွန်ပျူတာတွေမှာ PowerPC processor တွေ သုံးရာကနေ Intel chips တွေ ပြောင်းလာတာ ၁၅ နှစ် ရှိပြီ ဖြစ်ပါတယ်။ CPU သစ်ပြောင်းမှုကို ၂၀၀၆ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က PowerPC processor တွေကနေ Intel x86 processor ကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။ PowerPC သုံး ထုတ်ကုန်တွေကိုတော့ ၂၀၁၃ ခုနှစ်အထိ ဆက်ပြီး ပံ့ပိုးခဲ့ပါတယ်။



Photo: Apple Insider

WWDC 2020 ပွဲမှာ ကုမ္ပဏီဟာ Intel Silicon အစား ARM အခြေခံ Custom chips တွေ သုံးမယ်လို့ ဆိုပါတယ်။ Intel processor သုံး ထုတ်ကုန်တွေကိုလည်း Apple ဟာ ထုတ်လုပ်နေတာ ဖြစ်ပြီး ပထမဆုံး Apple ကိုယ်ပိုင် processor သုံး Macs ကိုတော့ နှစ်မကုန်ခင်မှာ ဈေးကွက်ထဲ မိတ်ဆက်မှာပါ။ chip သစ်ဟာ Apple ကွန်ပျူတာသစ်တွေကို လုံခြုံ‌ရေးနဲ့ ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်စေမယ်လို့ Apple ရဲ့ Silicon ဌာန အကြီးအကဲ ဖြစ်သူ ဂျွန်နီဆရော့ဂီက ပြောပါတယ်။

Apple Silicon လို့ ခေါ်သွားမယ့် ARM chip တွေဟာ iOS နဲ့ iPadOS apps တွေကိုလည်း macOS ပေါ်မှာ run နိုင်အောင် လုပ်သွားမယ်လို့ Business Insider သတင်းက ဆိုပါတယ်။ ဒီ chips တွေဟာ အသစ်မိတ်ဆက်လိုက်တဲ့ macOS 11 Big Sur ဗားရှင်းသစ်နဲ့ ပေါင်းစပ်နိုင်မှာ ဖြစ်ပြီး ကုမ္ပဏီပိုင် ဆော့ဖ်ဝဲလ်အားလုံးဟာ Apple Silicon သုံး Mac ပေါ်မှာ natiive apps အဖြစ် လုပ်ဆောင်နိုင်မှာပါ။

Photo: Android Authority


ကိုယ်ပိုင် processor သုံးတာဟာ Apple အနေနဲ့ နောက်ပိုင်းထွက်လာမယ့် လက်ပ်တော့နဲ့ desktops တွေရဲ့ feature နဲ့ performance ပိုင်းကို ပိုပြီး ထိန်းချုပ်လာနိုင်မှာပါ။ WWDC 2020 ပွဲမှာလည်း Apple Silicon chip သစ်တွေရဲ့ စွမ်းဆောင်ရည်အကြောင်း သရုပ်ပြတဲ့အနေနဲ့ အကြီးစားစွမ်းဆောင်ရည်သုံး Final Cut Pro နဲ့ Adobe Photoshop တို့ကို သုံးပြခဲ့ပါတယ်။

လက်ရှိ Intel chip သုံး Mac app တွေအတွက်လည်း Rosetta ပရိုဂရမ်သစ်ကနေ တစ်ဆင့် Apple Chipset သစ်အတွက် ဒီဇိုင်းထုတ်ထားတဲ့ mac app တွေ သုံးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ Apple ဟာ Intel နှစ်စဉ်ရောင်းအားရဲ့ ၂% ကနေ ၄% အထိ ပံ့ပိုးပေးနေတဲ့ ဖောက်သည်လည်း ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က