သုံးနှစ်ခွဲအထိ supply လုပ်ပေးသွားမှာပါ

အမေရိကန် chipmaker ကြီး ဖြစ်တဲ့ Broadcom ဟာ Apple ထုတ်ကုန်တွေမှာ သုံးတဲ့ wireless ပစ္စည်းအစိတ်အပိုင်းတွေ အရောင်းအဝယ်လုပ်ဖို့ သဘောတူစာချုပ်တွေ ချုပ်ဆိုထားတယ်လို့ ဆိုပါတယ်။

Broadcom နဲ့ Apple ရဲ့ စာချုပ်တန်ဖိုးဟာ ဒေါ်လာ ၁၅ ဘီလျံဖြစ်ပြီး တစ်နှစ်ကျော်စီ ကြာမြင့်မယ့် သဘောစာချုပ်နှစ်ခုအတွက် လက်မှတ်ရေးထိုးတာပါ။ စာချုပ်အရ လာမယ့် ၃ နှစ်ခွဲအထိ ဖြန့်ချိသွားမယ့် Apple ထုတ်ကုန်တွေမှာ wireless components တွေ ထုတ်လုပ်ပေးရမှာ ဖြစ်တယ်လို့ CNET သတင်းက ဖော်ပြထားပါတယ်။



Photo: moneycontrol

ဒီသဘောတူညီချက် အသစ်နှစ်ခုဟာ ရေဒီယိုကြိမ်နှုန်းဆိုင်ရာ ထုတ်ကုန်နဲ့ ပစ္စည်းအစိတ်အပိုင်းတွေအတွက် အရင်နှစ် ဇွန်လက ချုပ်ဆိုထားတဲ့ သဘောတူညီချက်အပြင် နောက်ထပ်ချုပ်ဆို လိုက်တာဖြစ်ပါတယ်။ စာချုပ်သစ်တွေကိုတော့ ၂၀၂၀ ဇန်နဝါရီကနေ စပြီး အကျုံးဝင်မှာ ဖြစ်ပြီး Broadcom ဘက်က ဘယ်လို ပစ္စည်းအစိတ်အပိုင်းတွေ ထောက်ပံ့သွားမလဲဆိုတာတော့ တိတိကျကျ ပြောထားခြင်း မရှိသေးပါဘူး။

Broadcom ဟာ Apple ရဲ့ ထုတ်ကုန်တွေ ဖြစ်တဲ့ iPhone၊ iPad နဲ့ Apple Watch တို့မှာ ကြိုးမဲ့ကွန်ရက်တွေနဲ့ ချိတ်ဆက်နိုင်စေဖို့ RF chip လို့ခေါ်တဲ့ ရေဒီယိုကြိမ်နှုန်းဆိုင်ရ ချပ်စ်တွေ နဲ့ Apple ထုတ်ကုန်တွေနဲ့ Wi-Fi ကွန်ရက်ချိတ်ဆက်နိုင်မယ့် တစ်ခြား ပစ္စည်း အစိတ်အပိုင်းအမျိုးမျိုး ထုတ်လုပ်ပေးနေတဲ့ supplier ကုမ္ပဏီ ဖြစ်ပါတယ်။

Apple ဟာ Broadcom ရဲ့ ပင်မဖောက်သည်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က Broadcom ရဲ့ အသားတင် ဝင်ငွေရဲ့ ၂၅% လောက်ဟာ Apple ဆီက ရခဲ့တာပါ။ Apple ဟာ အဓိက supplier တွေနဲ့ ရေရှည်သဘောတူညီမှုတွေ လုပ်ဆောင်ထားပေမယ့် ကိုယ်ပိုင်ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့လည်း ပြင်ဆင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က