၂ ရက်တည်းနဲ့သုံးစွဲသူ ၂ သိန်း ကျော်လာတာပါ။

     ကနေဒါနဲ့အမေရိကန်ဈေးကွက်မှာပဲ မိတ်ဆက်ထားတဲ့ Apple ရဲ့ သတင်းဝန်ဆောင်မှုသစ်ဟာ ၄၈ နာရီအတွင်း subscribe လုပ်သူ ၂ သိန်းကျော်ရှိနေပြီလို့ဆိုပါတယ်။



Photo: Ubergizmo

         Trial Subscripiton အနေနဲ့အစမ်းသုံးနေတဲ့သူ ၂ သိန်းကျော်ရှိနေတာ ဖြစ်ပြီး ဒီအရေအတွက်ဟာ Apple News+ ဝန်ဆောင်မှုစဖို့Apple ကနေ ဝယ်ထားတဲ့ မဂ္ဂဇင်း app ဖြစ်တဲ့ Texture ထက် သုံးစွဲသူ ပိုများနေတာ ဖြစ်တယ်လို့New York Times က ဖော်ပြထားပါတယ်။ Apple ဟာ ပြီးခဲ့တဲ့နှစ်ထဲကပဲ မဂ္ဂဇင်းတွေရဲ့ Netflix လို့တင်စားထားတဲ့ Texture app ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

         Apple News+ ဝန်ဆောင်မှုသစ်မှာ မဂ္ဂဇင်း အမျိုး ၃၀၀ ပါပြီး တစ်လကို ၉.၉၉ ဒေါ်လာနဲ့ဝန်ဆောင်မှု ပေးနေတာပါ။ Apple News+ ဝန်ဆောင်မှုကို သုံးစွဲသူတွေဟာ ပထမဆုံးလအတွက် အခမဲ့ ဝင်ဖတ်ခွင့်ရှိပြီး ဒီအတွက် trial subscription လုပ်ထားရမှာ ဖြစ်ပါတယ်။ Apple News+ဟာ iOS ထုတ်ကုန်တွေအတွက်ပဲ မိတ်ဆက်ထားတဲ့ ဝန်ဆောင်မှု ဖြစ်လို့Android ဖုန်း ၊ တက်ဘလက်သုံးသူတွေမှာတော့ သုံးလို့ရမှာ မဟုတ်ပါဘူး။

         Apple News+ မှာ Washington Post နဲ့News York Times တို့လို နာမည်ကြီး သတင်းမီဒီယာတွေတော့ မပါသေးပါဘူး။ တစ်ချို့သတင်းမီဒီယာတွေအနေနဲ့Apple News+ နဲ့ပူးပေါင်းမှု မလုပ်တဲ့ အထဲမှာ Apple ဘက်မှ subscription ဝင်ငွေတစ်ဝက်တောင်းတာလည်း ပါဝင်နေပါတယ်။ Apple News+ ဖြန့်ချိပြီးတဲ့နောက် Apple ဟာTexture ဝန်ဆောင်မှုကို လာမယ့် မေ ၂၈ ရက်မှာ ဖျက်သိမ်းသွားမယ်လို့ကြေညာထားပါတယ်။ မတ်လ ၂၅ ရက်နေ့က မိတ်ဆက်ခဲ့တဲ့ ဒီဝန်ဆောင်မှုဟာ အနာဂါတ်သတင်းမီဒီယာပလက်ဖောင်းဖြစ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က