ဝန်ဆောင်မှုသစ်တွေ မိတ်ဆက်ဖို့များပါတယ်။
Nyein Min Wai

နောက်နှစ်ပတ်လောက်ဆို Apple Park ရှိရာ Steve Jobs Theater မှာ ရင်ခုန်စိတ်လှုပ်ရှားစရာပွဲတစ်ပွဲကနေ ထုတ်ကုန်သစ်တွေ မြင်ရဖို့ရှိနေပါတယ်။


         Apple ဟာ မတ်လ ၂၅ ရက် တနလာၤနေ့မှာ ပွဲတစ်ပွဲ ကျင်းပသွားဖို့အတွက် တရားဝင် ဖိတ်စာပေးပို့ထားပါတယ်။ ပွဲမှာ သုံးမယ့် tagline ကို It's Show Time လို့ပေးထားပြီး သတင်းတွေအရ hardware ထုတ်ကုန်တွေထက်စာရင် ဝန်ဆောင်မှုသစ်တွေ ဖြစ်ဖို့ရှိနေပါတယ်။ Macrumors သတင်းကတော့ New York Times နဲ့Wall Street Journal တို့လို သတင်းမီဒီယာတွေကို လစဉ်ကြေး ၉.၉၉ ဒေါ်လာနဲ့ပေးပြီး ဖတ်နိုင်မယ့် Apple News ဝန်ဆောင်မှုကို အဓိက မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

         Apple News အနေနဲ့ဘယ်သတင်းမီဒီယာနဲ့မဂ္ဂဇင်းတွေ ပါမယ်ဆိုတာ မသိရသေးပါဘူ။ Apple ကတော့ ဒီဝန်ဆောင်မှုက ရတဲ့ ဝင်ငွေရဲ့ ၅၀% ကို ရယူဖို့အတည်ပြုထားပြီး မန်ဘာဝင်ထားတဲ့သူတွေဟာ မဂ္ဂဇင်းကို အခမဲ့ဖတ်နိုင်မယ်လို့ဆိုပါတယ်။ Apple ဟာ TV services အနေနဲ့လည်း နှစ်ဒါဇင်ကျော်ရှိတဲ့ TV shows တွေ လုပ်ဆောင်ထားပြီး မကြာခင်မှာ streaming service အဖြစ် မိတ်ဆက်သွားဖို့လည်း ရှိပါတယ်။

         ပြီးခဲ့တဲ့ ၂၀၁၈ မတ်လထဲမှာတော့ Apple ဟာ ချီကာဂိုပညာရေးပွဲမှာ မျက်နှာပြင် ၉.၇ လက်မ iPad တစ်လုံး မိတ်ဆက်ခဲ့ပါတယ်။ Apple Pencil ပါရှိပြီး Touch ID စနစ် ၊ HD FaceTime ကင်မရာနဲ့၁၀ နာရီအားခံတဲ့ ဘက်ထရီတွေ ပါဝင်တဲ့ iPad သစ်ဟာ ၂၉၉ ဒေါ်လာဈေးနဲ့ထွက်လာပြီး iPad တွေထဲမှာ ဈေးအသက်သာဆုံးလို့ပြောနိုင်ပါတယ်။ ဒီ iPad မှာ သုံးမယ့် Apple Pencil ကို ၈၉ ဒေါ်လာနဲ့ရောင်းချခဲ့တာပါ။

         Apple ဟာ ဒီနှစ်ထဲမှာ သတ္တမမျိုးဆက် iPad နဲ့iPod Touch ၊ iPad Mini 5 ၊ AirPower ၊ ဒုတိယမျိုးဆက် AirPods 2 တို့ကိုလည်း ထုတ်သွားဖို့ရှိပါတယ်။ မတ်လ ၂၅ ရက်နေ့ပွဲမှာ ဒီထုတ်ကုန်တွေ မြင်ရမလားဆိုတာကတော့ မသေချာသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က