ကမ္ဘာပေါ်မှာ လပေါ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်တာ ၃ နိုင်ငံပဲ ရှိပါတယ်။

အစ္စရေးရဲ့ ပထမဆုံး ပုဂ္ဂလိက လကမ္ဘာသွားမစ်ရှင်တစ်ခု ဖြစ်တဲ့ Beresheet ဟာ နည်းပညာချို့ယွင်းချက်ကြောင့် လမျက်နှာပြင်ပေါ် ဆင်းသက်စဉ် ပျက်ကျသွားခဲ့ပါတယ်။

         Beresheet ယာဉ်ဟာ လပေါ်မှာ ဓါတ်ပုံများ ရိုက်ကူးပြီး စမ်းသပ်ချက်တွေ လုပ်ဆောင်ဖို့ရည်ရွယ်ချက်နဲ့လွှင့်တင်ခဲ့တာပါ။ အစ္စရေးနိုင်ငံဟာ လကမ္ဘာပေါ် အာကာသယာဉ် ဆင်းသက်နိုင်မယ့် စတုတ္ထမြောက် နိုင်ငံအဖြစ် မျှော်လင့်ခဲ့တာလည်း ဖြစ်ပါတယ်။ လပေါ် အာကာသယာဉ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တဲ့ နိုင်ငံတွေကတော့ ဆိုဗီယက်ယူနီယံ ၊ အမေရိကန် နဲ့တရုတ်နိုင်ငံတို့ဖြစ်ပါတယ်။

Photo: Bloomberg


         "ကျွန်တော်တို့လွှင့်တဲ့ အာကာသယာဉ်ဟာ လပေါ်မဆင်းသက်နိုင်ခဲ့တာကြောင့် ဝမ်းနည်းရပါတယ်။" လို့အစ္စရေး အာကာသယာဉ်လွှင့်တင်ရေး မန်နေဂျာ အော့ဖာဒိုရွန်က ပြောပါတယ်။ "ကျွန်တော်တို့လဆီ သွားနိုင်ခဲ့ပါတယ်။ ဒါက အောင်မြင်မှုကြီးပါ။ ကျွန်တော်တို့ဟာ လဆီအရောက်သွားဖို့လုပ်ခဲ့တဲ့ သတ္တမမြောက်နိုင်ငံလည်း ဖြစ်ပါတယ်"


         CNN သတင်းမှာ ဖော်ပြချက်အရ ဒေါ်လာ သန်း ၁၀၀ တန် ဒီအာကာသယာဉ်ကို Spacell နဲ့အစ္စရေးအာကာသအဖွဲ့အစည်းတို့မှ ပူးပေါင်း တည်ဆောက်ခဲ့တာ ဖြစ်ပြီး လပေါ် ဆင်းသက်ဖို့လုပ်နေစဉ်မှာ အစ္စရေးမှ ပင်မထိန်းချုပ်စခန်းနဲ့အဆက်အသွယ် ပြတ်တောက်ခဲ့တာလို့ဆိုပါတယ်။ မြေပြင်က အာကာသယာဉ်ထိန်းချုပ်မှု လုပ်ဆောင်နေတဲ့ ပရိုဂရမ် မန်နေဂျာတွေဟာ အဆက်အသွယ် ပြန်ရဖို့ကြိုးပမ်းခဲ့ပြီး အာကာသယာဉ်ရဲ့ ပင်မအင်ဂျင်ပြဿနာကိုလည်း ရှင်းဖို့လုပ်ခဲ့ပါတယ်။

         အဆက်အသွယ် ပြတ်တောက်သွားချိန်မှာ Beresheet ဟာ ပျမ်းမျှ တစ်နာရီ ပျမ်းမျှ ၂၁၁၀ မိုင်နှုန်းနဲ့ခရီးသွားနေခဲ့တာပါ။ ပြတ်တောက်သွားချိန်မှာ သတ်မှတ်ထားတဲ့ လမျက်နှာပြင်ပေါ် ဆင်းသက်ဖို့ကီလိုမီတာ ၁၂၀ ခန့်(၇၄ မိုင်ခန့်) မှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။ BBC သတင်းမှာတော့ လူလိုက်ပါခြင်း မရှိတဲ့ Beresheet ဟာ လဆီကို ဦးတည်ပြီး သီတင်းပတ် ၇ ပတ်ခန့်ကြာအောင် သွားပြီးနောက် လမျက်နှာပြင်နဲ့၁၅ ကီလိုမီတာ (၉ မိုင်ခန့်) အကွာ နောက်ဆုံးလပတ်လမ်းပေါ် ရောက်ခဲ့တယ်လို့ဆိုပါတယ်။


Photo: nytimes

         Beresheet ပျံသန်းခြင်းကို အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမန် နာတင်ညာဟုလည်း Tel Aviv မြို့အနီး control room ကနေ စောင့်ကြည့်ခဲ့ပြီး "ပထမဆုံးအကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ် ကြိုးစားပါ" လို့ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က