ဆိုက်ဘာလုံခြုံရေး စိုးရိမ်ချက်ကြောင့်ပါ

ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်နိုင်တာကြောင့် အမေရိကန်ရေတပ်ဟာ TikTok app ကို အစိုးရထုတ် စမတ်ဖုန်းတွေမှာ ပိတ်ပင်ထားတယ်လိ့ ဆိုပါတယ်။

အစိုးရက ထုတ်ပေးထားတဲ့ စမတ်ဖုန်းတွေထဲမှာ TikTok app ကို install သွင်းထားပြီး ဒီ app ကို မဖျက်တဲ့သူတွေကို Navy Marine Corp အတွင်း အသုံးပြုတဲ့ intranet သုံးစွဲခွင့် ပိတ်မှာ ဖြစ်တယ်လို့ တပ်အတွင်း ထုတ်ပြန်တဲ့ နေ့စဉ်စာစောင်မှာ ဖော်ပြထားပါတယ်။

Photo: 9to5mac


ရေတပ်အနေနဲ့ TikTok app ကြောင့် ဘယ်လိုမျိုးအန္တရာယ်တွေ ကြုံနိုင်တယ်ဆိုတာကို အသေးစိတ် ပြောထားခြင်း မရှိပေမယ့်လည်း ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး ယူရာ့ချ်အော်လန်ကတော့ လက်ရှိကြုံနေရတဲ့ ခြိမ်းခေါက်မှုတွေကို ဖြေရှင်းဖို့ ကြိုးပမ်းချက်တစ်ခုအနေနဲ့ အမိန့်ထုတ်ာတ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့အဆိုအရ ဆိုက်ဘာသတိပေး မက်ဆေ့ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့က TikTok app သုံးခြင်းနဲ့ ဆက်စပ်ပြီး ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို အသိပေးထားပြီး သူတို့ရဲ့ ဝန်ထမ်းတွေကိုလည်း ကိုယ်ရေးအချက်အလက်များ ဘေးကင်းစိတ်ချအောင် ထားဖို့ ညွှန်ကြားထားတယ်လို့ ပါရှိပါတယ်။

မရိန်းတပ်နဲ့ ရေတပ်တို့မှ အစိုးရထုတ် စမတ်ဖုန်း သုံးသူတွေကို လူမှုကွန်ရက် app တွေနဲ့ တစ်ခြား နာမည်ကြီး apps တွေ သုံးခွင့်ပြုထားတာ ဖြစ်ပေမယ့် တစ်ချို့ apps တွေကိုတော့ လုံခြုံရေးအရ ပိတ်ပင်ထားတာပါ။ TikTok ကတော့ တရုတ်အခြေစိုက် ByteDance ပိုင် ဗွီဒီယို sharing app ဖြစ်ပြီး မကြာသေးခင်ကလည်း TikTok ဟာ သုံးစွဲသူ အချက်အလက်တွေကို တရုတ်က ဆာဗာတွေထဲ တိတ်တဆိတ်ပို့ပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

ByteDance ကတော့ အမေရိကန်မှာ ရှိတဲ့ TikTok ရဲ့ လုပ်ဆောင်ချက်တွေဟာ တရုတ်နဲ့ သက်သက်စီ ဖြစ်ပြီး တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ကြောင်းလည်း ငြင်းဆန်ထားပါတယ်။ အမေရိကန်နိုင်ငံ အကြီးတန်း ဒီမိုကရက်တစ် အမတ်ဖြစ်တဲ့ ချက်ရှူးမားကတော့ TikTok ကို စုံစမ်းစစ်ဆေးမှု လုပ်ဖို့ ပြီးခဲ့တဲ့လကပဲ အစိုးရကို တိုက်တွန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က