sanction ကနေ လုံးလုံးလျားလျားကြီး မလွတ်သေးပါဘူး
Nyein Min Wai

နောက်ဆုံးမှာ သောင်မတင်ရေမကျ ကာလကို ကျော်လွန်နိုင်ခဲ့ပြီ ဆိုနိုင်ပေမယ့် ZTE အတွက် ပျော်စရာတော့ မဟုတ်ခဲ့ပါဘူး။

photo: South China Morning Post

 

ဧပြီလလယ်ပိုင်းကစပြီး အမေရိကန်ဘက်မှ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ခံစားခဲ့ရတဲ့ ZTE အတွက် လမ်းဖွင့်တဲ့ အနေနဲ့အမေရိကန်အစိုးရဟာ ZTE ပေါ်အရေးယူမှုကို ဖြေလျှော့ပေးလိုက်ပြီ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရအဖွဲ့ရဲ့ သဘောထားကြီးမှုက အကန့်အသတ်ရှိထားပါတယ်။

အမေရိကန်အစိုးရဟာ ZTE ရဲ့ လက်ရှိ ကွန်ရက်များနဲ့ပစ္စည်းအစိတ်အပိုင်းများကို ပြန်ပြီး အစီအစဉ်တကျ ပြန်စဉ်နိုင်ဖို့အချိန် တစ်လယာယီ ပြန်ပြီး လမ်းဖွင့်ပေးလိုက်တာပါ။ သဘောကတော့ ZTE ဟာ အမေရိကန် supplier တွေနဲ့စီးပွားရေး လုပ်လို့မရသေးဘဲ လုပ်လက်စ မပြီးပြတ်သေးတဲ့ အပိုင်းတွေပဲ လက်စဖြတ်ဖို့ သြဂုတ်လ ၁ ရက်နေ့အထိပဲ အချိန်ရလိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် ZTE ဟာ ဒေါ်လာ ၁ ဘီလျံ ဒဏ်ကြေးဆောင်လိုက်ရတယ်လို့ဆိုပါတယ်။ ဒါတောင် ကန်ဆီးနိတ်လွှတ်တော်အမတ်တွေကတော့ ZTE ပေါ် ပိတ်ဆို့အရေးယူမှုကို တရွေးသားမျှ လျှော့မပေးဘဲ တင်းခံထားတာပါ။ ZTE အတွက် မျှော်လင့်စရာတစ်ခုက ကန်အစိုးရရဲ့ စည်းမျဉ်းတွေအတိုင်း အပြည့်အဝ လိုက်နာမယ်ဆိုရင် ဒီပိတ်ဆို့မှုကနေ လွတ်မြောက်ဖို့၇ နှစ် စောင့်စရာ မလိုလောက်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ZTE ဟာ ဒီမျှော်လင့်ချက် အမှန်တကယ်ဖြစ်လာစေဖို့မကြာသေးခင်ကပဲ ကုမ္ပဏီ နှစ်ပတ်လည်အစည်းအဝေးလုပ်ပြီး ZTE ရဲ့ chairman ဖြစ်သူ ယင်ယီမင်းအပါအဝင် ဘုတ်အဖွဲ့ဝင် ၁၄ ဦးစလုံးကို ရာထူးမှ နှုတ်ထွက်စေခဲ့ပါတယ်။ ဒီနောက်မှာတော့ ကုမ္ပဏီဘုတ်အဖွဲ့ဝင်သစ်များကို အမေရိကန်အစိုးရအဖွဲ့ရဲ့ သဘောထားအတိုင်း လူသစ် ၈ ဦးနဲ့ဖွဲ့စည်းလိုက်တယ်လို့ကြေငြာခဲ့ပါတယ်။

ဇွန်လဆန်းပိုင်းမှာ ZTE ဟာ ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်ဖို့အမေရိကန်အာဏာပိုင်များနဲ့အကြိုသဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီမှုအရ ဒေါ်လာ ၁ ဘီလျံ ဒဏ်ကြေးဆောင်ပြီးနောက်မှာ နောက်ထပ် ဥပဒေချိုးဖောက်မှု အတွက် ဒေါ်လာ သန်း ၄၀၀ ထက်ပြီး အာမခံထားရမှာပါ။ ZTE ဟာ ၂၀၁၇ ခုနှစ်က အမေရိကန်ကုန်သွယ်ဌာနရဲ့ ဒဏ်တပ်ထားတဲ့အထဲက ဒေါ်လာသန်း ၃၆၀ ကျော်လည်း ပေးရဦးမှာ ဖြစ်လို့စုစုပေါင်း ဒေါ်လာ သန်း ၁၇၀၀ ကျော် ပေးဆောင်ရဖို့ရှိပါတယ်။

photo: wccftech

 

ကန်လွှတ်တော်အသိုင်းအဝိုင်းနဲ့နိုင်ငံရေးလောကအမြင်မှာတော့ ZTE နဲ့Huawei ဟာ နိုင်ငံ့လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတာကြောင့် ZTE အတွက် ရင်လေးစရာတွေ ရှိနေပါတယ်။


Author


က္က