သံကန့်လန်ကာ ချတာပဲလို့ဝေဖန်ထားပါတယ်
Nyein Min Wai

     ပြင်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုကနေ ကာကွယ်ဖို့အင်တာနက်လွတ်လပ်ခွင့် တင်းကြပ်မယ့် ဥပဒေတစ်ရပ် ရုရှားမှာ အဆိုပြုပြီးနောက် လူထောင်ပေါင်းများစွာတို့ဟာ ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

         တနင်္ဂနွေနေ့က မော်စကိုမြို့တော်အပြင် တစ်ခြား မြို့ကြီးနှစ်မြို့မှာ အလားတူ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့BBC သတင်းမှာ ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့လက အငြင်းပွားဖွယ်ရာ အင်တာနက်ဥပဒေတစ်ရပ်ကို အဆိုပြုခဲ့တာပါ။ ဒီဥပဒေအရ ရုရှားရဲ့ အင်တာနက်ဝန်ဆောင်မှုစနစ်ကို တစ်ခြားနိုင်ငံတွေဆီကနေ သီးသန့်ခွဲထားခြင်းအားဖြင့် ဆိုက်ဘာလုံခြုံရေး အားကောင်းလာမယ်လို့ဖော်ပြထားပါတယ်။

         ဥပဒေကြမ်းအရ ရုရှား web traffic စီးကြောင်းနဲ့ဒေတာတွေကို နိုုင်ငံ့အာဏာပိုင်တွေကနေ ထိန်းချုပ်နိုင်တဲ့ points တွေကနေ စီးဝင်ဖို့အဆိုပြုထားပြီး တကယ်လို့နိုင်ငံခြားအွန်လိုင်းအခြေခံအဆောက်အဦတွေကနေ ရုရှားကို အင်တာနက် ဖြတ်တောက်ခဲ့မယ်ဆိုရင်တောင် offline မဖြစ်စေဖို့အမျိုးသား Domain Name System တစ်ခု တည်ဆောက်ဖို့လည်း အဆိုပြုထားပါတယ်။

         ဆန္ဒပြသူတွေကတော့ ဒါဟာ ဆင်ဆာစည်းကြပ်မှု ပိုတိုးဖို့နဲ့သဘောထား ကွဲလွဲမှုကို ပိုဆိုးလာစေဖို့ကြိုးစားမှုတစ်ရပ်လို့မြင်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ ဆန္ဒပြသူဦးရေဟာ ရဲတပ်ဖွဲ့က ခန့်မှန်းထားတဲ့ လူပေါင်း ၆၅၀၀ ဆိုတာထက် ၂ ဆ ပိုများပြီး မော်စကိုမှာတင် လူပေါင်း ၁၅၀၀၀ ကျော် စုဝေးခဲ့တယ်လို့ဆိုပါတယ်။ ရုရှားမီဒီယာတစ်ချို့ကလည်း ဒီဥပဒေဟာ အွန်လိုင်း သံကားလိပ်တစ်ရပ်လို့ဝေဖန်ထားပါတယ်။
Photo: euronews

         "ကျွန်တော်တို့ဘာမှ မလုပ်ရင် ဒါက ပိုဆိုးလာမှာပါ။ အာဏာပိုင်တွေ ဒီအတိုင်း ဆက်သွားနေရင် ပြဿနာက လည်နေမှာပဲ" လို့ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဒီမီထရီက ဆိုပါတယ်။

         ဆန္ဒပြသူတွေ Twitter ပေါ် တင်ထားတဲ့ အချက်အလက်များအရ ရဲတပ်ဖွဲ့ဟာ မော်စကို ဆန္ဒပြမှုအတွင်း လူ ၁၅ ဦးကို ဖမ်းဆီထားတယ်လို့ဆိုပေမယ့် ရဲတပ်ဖွဲ့ဘက်ကတော့ ထိန်းသိမ်းအရေးယူထားတဲ့အကြောင်း မကြေညာထားပါဘူး။ ရုရှားသမ္မတဗလာဒီမာပူတင်ကလည်း မကြာသေးမီက ကိုယ်ပိုင် အင်တာနက်စနစ်တစ်ခုနဲ့သွားဖို့စဉ်းစားနေတယ်လို့ပြောကြားထားပါတယ်။

      


ဆက်စပ်အကြောင်းအရာများ


Author


က္က