လူပေါင်း ၁ သန်းကို ဒီဂျစ်တယ် ဗဟုသုတပေးဖို့လုပ်ဆောင်လိုက်တာပါ
Nyein Min Wai

Facebook နဲ့GSMA အဖွဲ့အစည်းတို့နဲ့ပူးပေါင်းပြီး Oordeoo ဟာ ကျေးလက်ဒေသမှ အင်တာနက် စတင် အသုံးပြုသူများကို အသိပညာပေးမယ့် အစီအစဉ်တစ်ခု လုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။

Photo: Ooredoo

         ဒီအစီအစဉ်ကို Internet 1O1 လို့ခေါ်ပြီး ကျေးလက်ဒေသတွေကို အဓိက ထားပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိတဲ့ Ooredoo လက်လီဆိုင်နဲ့Ooredoo အမှတ်တံဆိပ် အရောင်းဆိုင်ကြီးတွေမှာ စတင်သွားမယ်လို့ဆိုပါတယ်။ Internet 1O1 အစီအစဉ်ဟာ Ooredoo အရောင်းဆိုင်များကို လာရောက်တဲ့ မိုဘိုင်းဖုန်းအသုံးပြုသူများကို အွန်လိုင်း သတင်းအချက်အလက်နဲ့အင်တာနက် အသုံးပြုပုံ ၊ အွန်လိုင်းကို ဘေးကင်းကင်းနဲ့အသုံးပြုသင့်ပုံတွေကို ရုပ်သံဖိုင်များအပါအဝင် နားလည်လွယ်မယ့် ပညာပေး အထောက်အကူပစ္စည်းတွေနဲ့အရောင်းဝန်ထမ်းများမှ ရှင်းလင်းပြသပေးသွားမယ့် အစီအစဉ်လည်း ဖြစ်ပါတယ်။

         Ooredoo ရဲ့ ဒီအစီအစဉ်ကို ဇွန်လမှ စတင်ပြီး နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတစ်ဝှမ်းမှ Ooredoo အရောင်းဆိုင် ၆၀၀ ခန့်မှာ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီအစီအစဉ်ကနေ အင်တာနက်စတင် အသုံးပြုသူ ၁ သန်းအတွက် ဒီဂျစ်တယ်အသိပညာတိုးတက်စေမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။GSMA ရဲ့ ထုတ်ပြန်ချက်အရ မြန်မာ့လူဦးရေ ၅၄.၁ သန်းမှာ အင်တာနက်အသုံးပြုသူဦးရေဟာ ၂၁ သန်း နီးပါး ရှိတယ်လို့ဆိုပါတယ်။

 


Photo: Ooredoo

        Internet 1O1 အစီအစဉ်ဟာ အင်တာနက်အသုံးပြုမှုအတွက် အကြီးဆုံး အဟန့်အတားတစ်ခု ဖြစ်တဲ့ ဒီဂျစ်တယ် ဗဟုသုတနည်းပါးမှုကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး ကျင်းပလိုက်တဲ့ အစီအစဉ်တစ်ခု ဖြစ်တယ်လို့လည်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ "ဒီဂျစ်တယ်ဘဝ ပြည့်စုံဖို့အင်တာနက်ဖြင့် လေ့လာစို့" အခမ်းအနားမှာ Facebook ၊ GSMA နဲ့Ooredoo မြန်မာတို့မှ ထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က