ဟန်ကျိုးမှာ ဖွင့်လှစ်ဖို့ပြင်ထားတာပါ

ကမ္ဘာအကြီးဆုံးလူမှုကွန်ရက်ကြီးတစ်ခု ဖြစ်ပေမယ့် Facebook ဟာ ၂၀၀၉ ခုနှစ်ကစပြီး တရုတ်ဈေးကွက်နဲ့အလှမ်းဝေးခဲ့ပါတယ်။



180724-facebook-china-subsib.jpg

photo: New York Post

 

လက်ရှိအချိန်အထိ တရုတ်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရပေမယ့် Facebook ဟာ တရုတ်နိုင်ငံမှာ ဒေသတွင်း startup နဲ့developers များအတွက် innovation hub တစ်ခု ဖွင့်လှစ်ဖို့စီစဉ်ထားပါတယ်။ Lianshu Science & Technology ဆိုတဲ့ ဒီရုံးခန်းကို Alibaba Group Holding တည်ရှိရာ ဟန်ကျိုးမှာ ဖွင့်လှစ်ဖို့ရည်ရွယ်ထားပြီး ရန်ပုံငွေအဖြစ် ဒေါ်လာ သန်း ၃၀ စိုက်ထူသွားမယ်လို့ဆိုပါတယ်။

တရုတ်စကား Lianshu ဟာ Face နဲ့Book လို့အဓိပ္ပါယ်ရတာကြောင့် ဒါဟာ တရုတ်ဗားရှင်း Facebook ကုမ္ပဏီခွဲတစ်ခုလို့မှတ်စရာ ဖြစ်နေပါတယ်။ ဒီကုမ္ပဏီရဲ့ ရှယ်ယာအားလုံးကို Facebook ရဲ့ ဟောင်ကောင်ရုံးခွဲမှ ပိုင်ဆိုင်တာလည်း ဖြစ်ပါတယ်။

ဝါရှင်တန်ပို့စ်သတင်းမှာတော့ Facebook ဟာ ဟန်ကျိုးမှာ ဆန်းသစ်တီထွင်မှုဌာနတစ်ခု တည်ဆောက်ဖို့စိတ်ဝင်စားကြောင်း ပြောထားပြီး မကြာခင်မှာ ပြင်သစ် ၊ အိန္ဒိယ ၊ ဘရာဇီး နဲ့ကိုရီးယား နိုင်ငံများမှာလည်း ဆက်လက်ဖွင့်ဖို့စိတ်ကူးထားတာပါ။

တရုတ်ပြည်တွင်း နည်းပညာလုပ်ငန်းငယ်များအတွက် လိုအပ်တဲ့ နည်းပညာ ၊ အကြံဉာဏ်နဲ့ငွေကြေးပိုင်း ပံ့ပိုးသွားမယ့် ဒီရုံးမှတ်ပုံတင်ဖို့ကိစ္စကိုတော့ တရုတ်နိုင်ငံ အစိုးရဝက်ဘ်ဆိုက်ကနေ ဖယ်ရှားခံထားရတယ်လို့New York Times သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဆိုရှယ်မီဒီယာဈေးကွက်အဖြစ် ရပ်တည်နေပေမယ့် Twitter ၊ Facebook နဲ့YouTube တို့လို ကမ္ဘာကျော် social media များကိုတော့ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ Facebook ပိုင် စာပို့app တစ်ခုဖြစ်တဲ့ WhatsApp လည်း ပြီးခဲ့တဲ့နှစ်ကပဲ တရုတ်နိုင်ငံမှာ အပိတ်ခံထားရပါတယ်။

photo: BBC

 

ယခုလို ကုမ္ပဏီပိုင် လုပ်ငန်းတစ်ခု တရုတ်ပြည်မှာ ဖွင့်လှစ်ခြင်းဟာ တရုတ်နိုင်ငံအတွင်း ပြန်ဝင်ရောက်ဖို့အတွက် ချဉ်းကပ်ပုံ ပြောင်းလိုက်တာ မဟုတ်ဘူးလို့လည်း Facebook ကုမ္ပဏီမှ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့တရုတ်ဈေးကွက်ထဲ ပြန်တိုးနိုင်ဖို့လေ့လာနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်က ရှန်ဟိုင်းမှာ ရုံးခန်းနေရာ ရွေးချယ်ခဲ့ပြီး Facebook ရဲ့ VR ကုမ္ပဏီဖြစ်တဲ့ Oculus ကိုဖွင့်လှစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က