အထူးဈေးနှုန်း ၂ဝ၉,ဝဝဝ ကျပ်ဖြင့် စတင်ရောင်းချပေးလျက်ရှိပါတယ်
Phyo Min Thant

နှင်းစက်ပုံစံမျက်နှာပြင်၊ ကြီးမားသောဘက်ထရီနှင့် အရောင်ပြေးဒီဇိုင်းတို့ပါဝင်တဲ့ Realme 3 စမတ်ဖုန်းသစ်ကို ယခုအခါ အထူးဈေးနှုန်း ၂ဝ၉,ဝဝဝ ကျပ်ဖြင့် စတင်ရောင်းချပေးလျက်ရှိပြီး RAM 3GB+ ROM 32GB ကို standard အဖြစ်ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။

နောက်ထပ် version တစ်ခုဖြစ်တဲ့ RAM 4GB+ROM 64GB အမျိုးအစားကိုမူ ၂၅၉,ဝဝဝ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အနက်နှင့်အပြာပေါင်းစပ်ထားတဲ့ Dynamic Black အရောင်ပြေးဒီဇိုင်းနှင့်အတူ Limited Edition အဖြစ်ရောင်းချပေးမယ့် အနက်ရောင်သီးသန့် Classic Black တို့ကိုရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။

Realme 3 ရဲ့မျက်နှာပြင်မှာ ကြီးမားကျယ်ပြန့်တဲ့ 6.22” HD ရုပ်ထွက်အရည်အသွေးရှိ နှင်းစက်ပုံစံမျက်နှာပြင် ဒီဇိုင်းကိုအသုံးပြုပေးထားပြီး Multimedia အသုံးပြုမှုအတွက် မြင်ကွင်းကျယ်ကျယ်ကို ရရှိစေမှာပါ။

 အဆင့်မြှင့်တင်ထားတဲ့ Helio P60 Chipset က ဂိမ်းကစားခြင်းအတွက် မြန်ဆန်ချောမွေ့မှုရှိစေပြီး 4230 mAh ဘက်ထရီက ဖုန်းကြာရှည်ခံမှုကို ကောင်းမွန်စွာ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ကူးမှုအပိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ 13MP+2MP AI Dual Camera နဲ့ 13MP AI Selfie Camera တို့ကိုတပ်ဆင်ပေးထားတဲ့အတွက် စိတ်တိုင်းကျစေမယ့်ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံတွေကိုပါ ရရှိစေမှာပါ။ အထူးသဖြင့် Nightscape Mode နှင့် Chroma Boost ကဲ့သို့ Feature များကိုပါ စမ်းသပ်အသုံးပြုနိုင်ပြီး အလင်းရောင်အားနည်းမှုနဲ့ အရောင်မှိန်တဲ့ပြဿနာတွေကို ဖြေရှင်းပေးထားပါတယ်။

Software ပိုင်းမှာ ယခင်နှင့်လုံးဝကွဲပြားသွားစေမယ့် User Interface ဒီဇိုင်းကိုထိတွေ့အသုံးပြုရမှာဖြစ်ပြီး Android P ကိုအခြေခံထားတဲ့ နောက်ဆုံးပေါ် ColorOS 6.0 ကိုအသုံးပြုပေးထားတာကိုတွေ့ရပါတယ်။

4G ကွန်ရက်အသုံးပြုနိုင်မယ့် SIM ကဒ်၂ကဒ်နဲ့အတူ 256GB အထိထပ်တိုးသုံးနိုင်စေမည့် SDကဒ်တို့ ထည့်သွင်းနိုင်တဲ့ Triple-slot tray ကိုအသုံးပြုထားပါတယ်။ နောက်ပိုင်းမှာလည်း အရောင်သစ်တစ်မျိုးဖြစ်တဲ့ အပြာနှင့် အစိမ်းပေါင်းစပ်ထားတဲ့ Radiant Blue ကိုရောင်းချပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က