Alphabet ရဲ့ CEO ဖြစ်လာတာပါ

Alphabet ရဲ့ CEO သစ် ဖြစ်လာတဲ့ ဆွန်ဒါပီချိုင်းအတွက် ဆုလာဘ်တစ်ခု ရှိနေပါတယ်။

မကြာသေးခင်က Google ရဲ့ မိခင် ကုမ္ပဏီ Alphabet ကို တည်ထောင်ခဲ့တဲ့ လယ်ရီပေ့ချ်နဲ့ နဲ့ ဆာဂီဘရင်းတို့ဟာ သူတို့ရဲ့ ရာထူးကို Google ရဲ့ အမှုဆောင်အရာရှိချုပ် ဆွန်ဒါပီချိုင်းဆီ လွှဲပေးခဲ့ပါတယ်။ Alphabet ရဲ့ CEO သစ် ဖြစ်လာမယ့် ဆွန်ဒါပီချိုင်းဟာ စွမ်းဆောင်ရည်ပေါ် လိုက်ပြီး လာမယ့် ၃ နှစ်ကျော်အတွင်း ဒေါ်လာ သန်း ၂၄၀ ကျော်တန် စတော့ခ်ရှယ်ယာတွေ ရရှိမယ်လို့ Bloomberg သတင်းက ဆိုပါတယ်။



Photo: businessinsider

Alphabet ရဲ့ CEO ဖြစ်လာပြီးနောက် လာမယ့် ၂၀၂၀ က စတင်ပြီး ဆွန်ဒါပီချိုင်းဟာ တစ်နှစ်လုပ်ခ လစာ ဒေါ်လာ ၂ သန်း ရတော့မှာ ဖြစ်ပါတယ်။ Alphabet ရဲ့ CEO အဖြစ် ရာထူးယူခဲ့တဲ့ လယ်ရီပေ့ချ်ကတော့ အဲဒီရာထူးမှာ လစာ ၁ ဒေါ်လာပဲ ယူခဲ့တာပါ။ ပီချိုင်းရဲ့ လုပ်ရည်ကိုင်ရည်ကို ကြည့်ပြီး ပေးသွားမယ့် ဒေါ်လာ ၂၄၂ သန်းတန် စတော့ခ်ပက်ကေ့ချ်ထဲက ဒေါ်လာ သန်း ၉၀ ဟာ Alphabet ပေါ် သူ့ရဲ့ ကိုင်တွယ်မှုကနေ ဆုံးဖြတ်သွားမှာပါ။

" ပီချိုင်းဟာ လုပ်ရည်ကိုင်ရည်နဲ့ မဆိုင်ဘဲ သူ့ရဲ့ ဆက်တိုက် အလုပ်လုပ်လာမှုအရကိုပဲ ဒေါ်လာ သန်း ၁၂၀ နဲ့ ဒေါ်လာ သန်း ၃၀ တန် စတော့ခ်နှစ်ခု ရမှာပါ" လို့ Securities Exchange Commission တင်သွင်းမှုမှာ Alphabet က ပြောထားပါတယ်။ CEO တစ်ယောက်ကို ပေးတဲ့ ခံစားခွင့်အရဆိုရင် ပီချိုင်းဟာ Apple ရဲ့ CEO ဖြစ်လာပြီးနောက် ဒေါ်လာ ၃၇၆ သန်း ရခဲ့တဲ့ တင်မ်ကွတ်ရဲ့ နောက်မှာ ဒုတိယလိုက်ပါတယ်။

Google မှာ ၁၅ နှစ် အလုပ်လုပ်လာတဲ့ ပီချိုင်းဟာ ၂၀၁၅ ခုနှစ်မှာ ကုမ္ပဏီရဲ့ CEO ဖြစ်လာခဲ့သူပါ။ အစောပိုင်းက နှစ်စဉ်လုပ်ခလစာ ဒေါ်လာ ၆၅၂၅၀၀ ရခဲ့ပြီး နောက်နှစ်မှာ ဒေါ်လာ ၁၉၉ သန်းဖိုး စတော့ခ်ရှယ်ယာတွေ ပေးအပ်ခံရသူလည်း ဖြစ်ပါတယ်။ Google Chrome browser ဖန်တီးမှုမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ပီချိုင်းဟာ Microsoft ကော်ပိုရေးရှင်းရဲ့ CEO စတိဗ်ဘောမားရဲ့ ဆက်ဆံသူဖြစ်လာမယ်လို့ သတင်းကြီးခဲ့ပါသေးတယ်။


Photo: Engadget

အခြေခံ တစ်နှစ်လုပ်ခလစာ ဒေါ်လာ ၆၅၀၀၀ ရခဲ့တဲ့ ပီချိုင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း လုံခြုံရေးစရိတ်နဲ့ ပုဂ္ဂလိက လေကြောင်း သုံးစွဲဖို့အပါအဝင် ဒေါ်လာ ၁.၉ သန်းနီးပါး ရခဲ့သူ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ချန်နိုင်းမှာ ကြီးပြင်းပြီး အိန္ဒိယန်းနည်းပညာကျောင်းကနေ အင်ဂျင်နီယာပညာရပ်နဲ့ ကျောင်းတက်ခဲ့သူ ပီချိုင်းဟာ လာမယ့်နှစ်က စလို့ Google နဲ့ သူ့ရဲ့ မိခင်ကုမ္ပဏီ Alphabet Inc တို့ကို ဦီးဆောင်ရတော့မှာပါ။

လောလောဆယ်မှာတော့ Google ဟာ စစ်တပ်နဲ့ စာချုပ်ချုပ်ဆိုမှု ၊ တရုတ်မှာ search engine ဝန်ဆောင်မှု လုပ်ဆောင်ခြင်းနဲ့ အန်ဒီရူဘင်အပါအဝင် အမှုဆောင်တွေရဲ့ လိင်ပိုင်း အကြမ်းဖက်မှုအပေါ် ကုမ္ပဏီရဲ့ ဖြေရှင်းချက် စတဲ့ စတဲ့ အကြောင်းများကြောင့် ထောင်နဲ့ချီတဲ့ Google ဝန်ထမ်းတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုနဲ့ ကြုံတွေ့နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က