ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ ကိုယ့်ဘာသာ စစ်လို့ရအောင် ကူညီပေးပါတယ်

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) ဟာ Microsoft ရဲ့ Healthcare chatbot ဝန်ဆောင်မှု သုံးပြီး COVID-19 လက္ခဏာ စစ်ဆေးပေးနေတယ်လို့ ဆိုပါတယ်။

Clara လို့ နာမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုယ်တိုင်စစ်ဆေးရေး bot ကို CDC ဖောင်ဒေးရှင်းနဲ့ Microsoft Azure ရဲ့ Healthcare Bot ဝန်ဆောင်မှုတို့ ပူးပေါင်းပြီး ဖန်တီးထားတာ ဖြစ်တယ်လို့ Tech Crunch သတင်းမှာ ဖော်ပြထားပါတယ်။ Microsoft ဟာ ဒီ Healthcare Bot ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲမှာ ဖြန့်ချိခဲ့တာပါ။



Photo: geeksroom

၂၀၁၇ ခုနှစ်မှာ သုတေသနစီမံကိန်းတစ်ခုအဖြစ် စတင်ခဲ့တဲ့ ဒီဝန်ဆောင်မှုဟာ Microsoft ဝန်ဆောင်မှုသုံးပြီး သုံးစွဲသူတွေနဲ့ အပြန်အလှန်စကားပြောနိုင်မယ့် chat bots များ ၊ AI စွမ်းရည်သုံး ကျန်းမာရေးအကူများအဖြစ် ဖန်တီးပေးတာပါ။ Clara chat bot ဟာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူရဲ့ ရောဂါလက္ခဏာတွေ ၊ ကူးစက်နိုင်တဲ့ အကြောင်းတရားများနဲ့ ဆက်လုပ်သွားရမယ့် အဆင့်တွေကို အခြေခံပြီး မေးခွန်းတွေ အပြန်အလှန်မေးသွားမှာ ဖြစ်ပါတယ်။

CDC ရဲ့ chatbot ဝန်ဆောင်မှုဟာ သတင်းအချက်အလက်တွေ ပေးပြီး ဒေသန္တရကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပေးတာပါ။ ဒီ bot ဟာ ရောဂါနာမည်သတ်မှတ်တာနဲ့ ကုသတဲ့ နေရာမျိုးတွေမှာ သုံးတာ မဟုတ်ဘဲ မေးခွန်းတွေ တစ်ဆင့်ချင်း မေးသွားပြီး ဆေးဝါးကုသမှု လိုတဲ့သူတွေကို အကြံဉာဏ်ပေးတာ ဖြစ်ပါတယ်။

Siri မှာ ပါလာတဲ့ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ပုံစံ (Photo: voicebot)

Apple ရဲ့ Siri မှာလည်း Hey Siri , Do I have a coronavirus? လို့ မေးပြီး Clara လိုမျိုး COVID-19 ဆိုင်ရာ လက္ခဏာတွေ ရှိ၊မရှိ မေးခွန်းတွေ မေးပါတယ်။ ပြီးရင်တော့ အိမ်မှာနေထိုင်ဖို့ (ဒါမှမဟုတ်) ၉၁၁ ကို ဖုန်းဆက်ဖို့ တိုက်တွန်းအကြံပေးလာပါတယ်။ ဒီ bot တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသလား စိတ်ပူနေသူတွေကို မလိုအပ်ဘဲ ဆေးရုံဆေးခန်း မသွားရအောင် စိစစ်ပြီး တကယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံလူနာများအတွက် နေရာထိုင်ခင်းနဲ့ ဆေးကုသမှုပိုင်းမှာ ပိုအာရုံစိုက်နိုင်အောင် ကူညီပေးနိုင်မှာပါ။

CDC အသုံးပြုနေတဲ့ Chat bot ဟာ Microsoft Azure ပေါ်မှာ လုပ်ဆောင်နေတာ ဖြစ်ပြီး ဝင်ရောက်သူရဲ့ ကိုယ်ရေးအချက်အလက်အားလုံးကိုတော့ Microsoft နဲ့ ပြန် share ခြင်း မရှိဘူးလို့လည်း Nextgov က ဆိုပါတယ်။ Microsoft ရဲ့ chatbot ကို ကမ္ဘာတစ်လွှားက ကျန်းမာရေးစနစ် ၉ ခုမှာ အသုံးပြုနေပြီး မကြာခင်မှာ ဒီနည်းပညာကို သုံးစွဲတဲ့ ကျန်းမာရေးစနစ်၂၀ ဝန်းကျင်အထိ ရှိလာမယ်လို့ Wall Street Journal က ခန့်မှန်းပါတယ်။

Share

Loading Next Article...
က္က