Level 4 အဆင့် မောင်းသူမဲ့ ဘတ်စ်များ ဖြစ်ပါတယ်။
Nyein Min Wai

Apolong လို့ခေါ်တဲ့ တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ ဘတ်စ်တွေကို နောက်နှစ်ဆန်း ဂျပန်နိုင်ငံမှာ မြင်ရတော့မှာပါ။

photo: AsiaOne

 

Bloomberg သတင်းအရ တရုတ်မှ မောင်းသူမဲ့ဘတ်စ်ကား ကုမ္ပဏီ Baidu ဟာ ဂျပန်နိုင်ငံမှ SB Drive ကုမ္ပဏီနဲ့ပေါင်းပြီး Apolong မောင်းသူမဲ့ဘတ်စ်များကို ပြေးဆွဲသွားမယ်လို့ဆိုပါတယ်။ SD Drive ဟာ SoftBank ပိုင် အလိုအလျောက် သယ်ယူပို့ဆောင်ရေး ယာဉ်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

Baidu ဟာ Level 4 အဆင့်ရှိ အလိုအလျောက်မောင်း မီနီဘတ်စ် Apolong အတွက် တရုတ်မှ ဘတ်စ်ကားထုတ်လုပ်သည့် ကုမ္ပဏီ King Long နဲ့ပေါင်းပြီး ထုတ်လုပ်နေတာပါ။ လက်ရှိမှာ Apolong မောင်းသူမဲ့ ဘတ်စ်ပေါင်း ၁၀၀ ထုတ်လုပ်ထားပြီး SD Drive နဲ့သဘောတူညီမှုအရ ၂၀၁၉ နှစ်ဆန်းပိုင်း ဂျပန်လမ်းများပေါ် ပြေးဆွဲဖို့Apolong ဘတ်စ် ၁၀ စင်း မှာယူထားတယ်လို့ဆိုပါတယ်။

 

Apolongမောင်းသူမဲ့ဘတ်စ်များဟာ ခရီးသည် ၁၄ ဦး လိုက်ပါနိုင်ပြီး ယာဉ်မောင်းနေရာလုံးဝ မထားသလို စတီယာရင်လုံးဝ မသုံးတဲ့ ဘတ်စ်တွေ ဖြစ်ပါတယ်။ Level 4 အဆင့်ရှိ မောင်းသူမဲ့ဘတ်စ်တွေ ဖြစ်ပြီး ပန်းခြံများ ၊ ခရီးသွားဇုံများ ၊ လေဆိပ်အစရှိတဲ့ သတ်မှတ်ဧရိယာမှာပဲ ယာဉ်မောင်းမပါဘဲ သွားလာနိုင်မှာပါ။ Baidu ဟာ အလားတူ မောင်းသူမဲ့ ဘတ်စ်ကား ဝန်ဆောင်မှုများကို ဘေဂျင်း ၊ ရှန်ကျင့် ၊ ပင်တန် နဲ့ဝူဟန်လို တရုတ်မြို့ကြီးများမှာလည်း ဝန်ဆောင်မှု ပေးသွားဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။

Baidu ဟာ Apollo လို့ခေါ်တဲ့ မောင်းသူမဲ့ နည်းပညာစီမံကိန်းကိုလည်း အဆင့်မြှင်တင်မှုတွေ လုပ်ဆောင်ထားတယ်လို့ကုမ္ပဏီရဲ့ နှစ်စဉ် AI Developer Conference ပွဲမှာ ကြေငြာခဲ့ပါတယ်။ Baidu ရဲ့ Apollo နည်းပညာမှာ မျက်နှာပြင်ဖတ်စွမ်းရည်ပါရှိပြီး ယာဉ်မောင်းတစ်ယောက် ပင်ပန်းနွမ်းနယ်နေသလားဆိုတာကိုပါ သိနိုင်မယ်လို့ဆိုပါတယ်။ Baidu ဟာ Intel ပိုင် အစ္စရေးမှ Mobileye ရဲ့ ယာဉ်အန္တရာယ် ရှောင်ရှားရေး နဲ့ဘေးကင်းရေး ဆိုင်ရာ AIနည်းပညာလည်း အသုံးပြုဖို့ပူးပေါင်းထားတယ်လို့ဆိုပါတယ်။

photo: Twitter

 

တရုတ်နိုင်ငံအတွင်း မောင်းသူမဲ့ဘတ်စ်များ စမ်းသပ်ခွင့် ရထားတဲ့ Baidu ဟာ  ၂၀၁၉ ခုနှစ်မှာ semi-autonomous လို့ခေါ်မယ့် လူမောင်းနဲ့စက်ထိန်းနှစ်မျိုးစလုံးပါတဲ့ ယာဉ်တွေကို ဆက်တိုက်ထုတ်သွားမှာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ လူလုံးဝ မလိုတော့တဲ့ မောင်းသူမဲ့ကားတွေကို ထုတ်လုပ်နိုင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က