ပညာရှင် ၃ ဦး ခွဲယူသွားမှာပါ
Nyein Min Wai

     ကွန်ပျူတာလောကရဲ့ နိုဘဲလ်ဆုအဖြစ် တင်စားပြောဆိုကြတဲ့ Turing Award ကို ဗြိတိန်ဖွား ပညာရှင်တစ်ဦးမှ ရရှိခဲ့ပါတယ်။


         ကနေဒါနိုင်ငံမှာ နေထိုင်တဲ့ AI (Artificial Intelligence) ပညာရှင်ဖြစ်သူ ဂျော်ဖရီဟင်တန်ဟာ Deep Studying လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာနယ်ပယ်မှာ ဂုရုကြီးအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပြီး သူနဲ့အတူ ယောရှုဝါဘန်ဂျီယို ၊ ယန်းလီကန်းတို့ကို Turing Award ချီးမြှင့်ခံခဲ့ရတာပါ။ ၂၀၁၈ ခုနှစ်အတွက် Turing Award ဟာ ခေတ်သစ်နည်းပညာလောကမှာ အရေးပါဆုံးကဏ္ဍထဲမှာ ရှိလာတဲ့ AI အတွက် အခြေခံအုတ်မြစ်ချပေးခဲ့တဲ့ ဒီပညာရှင် ၃ ဦးကို ပေးခဲ့တာ ဖြစ်ပါတယ်။


         ဗြိတိန်သချာၤပညာရှင် အလန်ကျူးရင်းကို ဂုဏ်ပြုပေးအပ်တဲ့ ဒေါ်လာ ၁ သန်း တန် Turing Award ဟာ ကွန်ပျူတာယန္တရားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ACM ကနေ ၁၉၆၆ ခုနှစ်ကတည်းက နှစ်စဉ်ပေးအပ်လာတဲ့ ဆုတစ်ဆုဖြစ်ပြီး Turing Award ကို ပထမဆုံးရတဲ့ ပညာရှင်ကတော့ အဆင့်မြင့် programming နဲ့compiler တည်ဆောက်မှုနဲ့ကာနက်ဂျီမယ်လွန်တက္ကသိုလ်မှ အလန်ပါလစ် မှ ရရှိခဲ့တာပါ။

Turing Awards ကွန်ပျူတာနယ်ပယ်အတွင်းမှ အရေးပါဆုံး နည်းပညာဆိုင်ရာ တီထွင်မှုတွေ လုပ်ဆောင်ထားတဲ့ လူပုဂ္ဂိုလ်တွေကို ပေးအပ်ခဲ့တာ ဖြစ်ပြီး ဒီဆုကို အမျိုးသမီးပညာရှင်များထဲမှ IBM မှာ အလုပ်လုပ်တဲ့ ဖရန်ဆက်အယ်လန်က ၂၀၀၆ မှာ ပထမဆုံး ရခဲ့ပါတယ်။။ ဒီနှစ်မှာတော့ AI နည်းပညာကို စတင်ဖော်ထုတ်ခဲ့တဲ့ ပညာရှင် ၃ ဦးဟာ ဒီဆုကို ခွဲဝေရယူသွားမှာ ဖြစ်ပါတယ်။

         ဂျော်ဖရီဟင်တန်ဟာ Google Brain သုတေသီနဲ့တိုရန်တိုတက္ကသိုလ်ပါမောက္ခအဖွဲ့ဝင်ဖြစ်ပြီး ယန်းလီကန်းကတော့ Facebook ရဲ့ AI သိပ္ပံပညာရှင်ချုပ်နဲ့နယူးယော့ခ်တက္ကသိုလ်ပါမောက္ခဖြစ်သလို ဟင်တန်ရဲ့ တပည့်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ယောရှုဝါ ဘန်ဂျီယိုကတော့ မွန်ထရီယယ်တက္ကိသလု် ပါမောက္ခနဲ့Element AI တည်ထောင်သူ ဖြစ်ပါတယ်။

         ၁၉၇၀ ပြည့်လွန်နှစ်များမှာ PhD ဘွဲ့ရခဲ့တဲ့ ဒေါက်တာဟင်တန်ဟာ ယူကေနိုင်ငံသားဖြစ်ပေမယ့် သူကျွမ်းကျင်တဲ့ AI နည်းပညာနဲ့ယူကေမှာ အလုပ်လုပ်ကိုင်ဖို့ခက်ခဲတာကြောင့် ကနေဒါကို ရွှေ့ပြောင်းလာခဲ့ရာကနေ ဗြိတိန်နဲ့ကနေဒါနိုင်ငံသားဖြစ်ခဲ့သူပါ။ Turing Awards ဆုရရှိမှုအကြောင်းကို BBC သတင်းဌာနကို ပြောကြားခဲ့ရာမှာ သူတို့သုံးဦးအနေနဲ့AI ဟာ တစ်ချိန်ချိန်မှာ အရေးပါတဲ့ ထိပ်တန်းနည်းပညာဖြစ်လာမယ်လို့ယုံကြည်သူတွေထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။



Photo:

SlideShare

         အခုချိန်မှာ AI ဟာ နေရာတိုင်းမှာ တွင်ကျယ်တဲ့ စကား ၊ အရေးပါတဲ့ နည်းပညာဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ Deep Learning လို့ခေါ်တဲ့ စက်ပစ္စည်းတွေကို လူလိုတွေးနိုင်မယ့် နည်းပညာဟာ လက်ရှိမှာ စမတ်စပီကာတွေကနေ အနာဂါတ်သယ်ပို့နည်းပညာဖြစ်တဲ့ မောင်းသူမဲ့ကားတွေမှာအထိ သုံးလာပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် Turing Award ကို World Wide Web လို့ခေါ်တဲ့ အင်တာနက်နည်းပညာကို စတင်ခဲ့သူ ဗြိတိန်လူမျိုး ပညာရှင် ဆာတင်ဘာနာလီက ရရှိခဲ့ပါတယ်။


Author


က္က