မတ်လ ၂ ရက်နေ့အထိ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ံရသူ ၄၈၀၀ ကျော် နေပါတယ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတဲ့ တောင်ကိုရီးယားမှာ LG နဲ့ Samsung တို့ဟာ စက်ရုံများ ပိတ်သိမ်းလာနေပါတယ်။

Apple အတွက် iPhone တွေမှာ သုံးနေတဲ့ ကင်မရာ modules တွေ ထောက်ပံ့ပေးနေတဲ့ LG Innotek ရဲ့ ဂူမီမှာ ရှိတဲ့ စက်ရုံဝန်ထမ်းတစ်ဦးမှာ ဗိုင်းရပ်စ်ကူးစက်ထားကြောင်း အတည်ပြုလိုက်ပြီးနောက် စက်ရုံကို ပိတ်ထားတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။



Photo: pulsenews


ဂူမီဒေသမှာ LG Innotek စက်ရုံ ၅ ခု ရှိပြီး ဘယ်စက်ရုံကို ပိတ်ထားသလဲဆိုတာတော့ မဖော်ပြထားပါဘူး။ ဗိုင်းရပ်စ်ရှင်းလင်း သန့်စင်ရေး လုပ်နေစဉ်အတွင်း မတ်လ ၃ ရက်နေ့အထိ စက်ရုံလည်ပတ်ဦးမှာ မဟုတ်ဘူးလို့ စက်ရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားပါတယ်။

LG Innotek ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက iPhone 11 မော်ဒယ်တွေအတွက် dual နဲ့ tripl ကင်မရာ modules တွေ ထောက်ပံ့ပေးနေသလို 3D အာရုံခံစွမ်းရည်လုပ်ဆောင်နိုင်မယ့် မျိုးဆက်သစ် ToF(Time-of-Flight) modules တွေ ထောက်ပံ့ပေးဖို့လည်း လုပ်နေပါတယ်။

မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိတ်ဘက် စက်ရုံအလုပ်ရုံများ ထုတ်လုပ်မှု ထိခိုက်ခြင်းဟာ ယာယီပြဿနာဖြစ်ဖို့ မျှော်လင့်ကြောင်း Apple အမှုဆောင် အရာရှိချုပ် တင်မ်ကွတ်က ပြောခဲ့ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းလည်း LG ရဲ့ ဖုန်း screen ထုတ်လုပ်တဲ့ စက်ရုံအနားက ဘဏ်ဝန်ထမ်းတစ်ဦးမှာ COVID-19 ဗိုင်းရပ်စ်စစ်ဆေး တွေ့ရှိပြီးနောက် ဂူမီမှာရှိတဲ့ စက်ရုံကို ပိတ်ထားရတယ်လို့ ဆိုပါတယ်။

Photo: Tech Radar

ဂူမီဟာ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်မှုအများဆုံး ဖြစ်ပွားနေတဲ့ ဒေဂူးနဲ့ နီးပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဝန်ထမ်းတစ်ယောက်ကို တွေ့ရှိပြီးနောက် ဂူမီမှာ ရှိတဲ့ Samsung ဖုန်းစက်ရုံလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ Samsung ကုမ္ပဏီလည်း စက်ရုံအတွင်း ရောဂါမကူးစက်နိုင်အောင် ရှင်းလင်းရေးလုပ်နေပြီး မကြာခင် ပြန်ဖွင့်ဖို့ရှိတယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။

တောင်ကိုရီးယားဟာ တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာနေပြီး မတ်လ ၂ ရက်နေ့အထိ ကူးစက်ခံရသူ ၄၈၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၂၉ ဦး ရှိနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာအရပ်ရပ်မှာ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၁၀၀ ကျော်လာပြီး ကူးစက်ခံရတဲ့ နိုင်ငံ ၇၀ ကျော်နဲ့ ကူးစက်ခံရမှု ၉၀၀၀၀ ကျော် ရှိနေပါတယ်။

Share

Loading Next Article...
က္က