အကျယ်ချုပ်နဲ့ထိန်းသိမ်းထားတာပါ
Nyein Min Wai

မိဘတွေဆီက ရောဂါပိုးမကူးစက်စေဖို့အမွှာကလေးတွေမှာ ဗီဇမျိုးစေ့ဖယ်ရှားခဲ့တဲ့ တရုတ်သိပ္ပံပညာရှင်ကို အစိုးရအာဏာပိုင်များမှ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။

Photo: Tech Crunch



         တရုတ်သုတေသနပညာရှင် ဟီဂျန်းကွီဆိုသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက အမွှာမိန်းကလေးနှစ်ဦးကို သန္ဓေသားဘဝမှာ HIV ဗိုင်းရပ်စ်မကူးစက်စေဖို့CRISPR ဆိုတဲ့ နည်းပညာသုံးပြီး CCR5 ဗီဇကို ဖယ်ရှားခဲ့တယ်လို့ကြေငြာခဲ့ပါတယ်။ ရှန်ကျန်းပြည်နယ် သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှ သုတေသီ ဟီဂျန်းကွီရဲ့ လုပ်ဆောင်ချက်ကို ကန့်ကွက်မှုများ ညံခဲ့ပေမယ့် အစိုးရဘက်မှ အရေးယူမှုကတော့ အခုမှ ကြားသိရတာ ဖြစ်ပါတယ်။

         New York Times ရဲ့ သတင်းတစ်ပုဒ်မှာ အစိုးရဟာ ဟီဂျန်းကွီကို ရှန်းကျန့်တောင်ပိုင်း သိပ္ပံနဲ့နည်းပညာတက္ကသိုလ် ဝန်ထမ်းအိမ်ရာမှာ ထိန်းသိမ်းထားတယ်လို့ဖော်ပြထားပါတယ်။ သူ့အနေနဲ့ဖုန်းဆက်တာ ၊ အီးမေးလ်ပို့တာတွေ လုပ်နိုင်ပေမယ့် အိမ်ရာကနေ ဘယ်မှ သွားခွင့် မရှိဘဲ အစောင့်အရှောက်နဲ့ထိန်းသိမ်းခံထားရတာလည်း ဖြစ်ပါတယ်။

         သနွေသားဗီဇပြုပြင်မှုဟာ နိုင်ငံအများစုမှာ ပိတ်ပင်တားမြစ်ထားတဲ့ နည်းပညာ ဖြစ်ပြီး ဟီဂျန်းကွီကတော့ သူဟာ HIV/AIDS ရောဂါကို တားဆီးဖို့လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ သူ့အနေနဲ့လည်း ဒီလုပ်ရပ်ပေါ် ဂုဏ်ယူကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဟီဂျန်းကီဟာ ကိုယ်ဝန်ဆောင် ၇ ဦးရဲ့ သန္ဓေသားတွေကိုလည်း ဗီဇပြောင်းလဲဖို့လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

         လက်ရှိမှာ သူ့ရဲ့ ဇီဝနည်းပညာ startup လုပ်ငန်းနှစ်ခုထဲမှာ တရုတ်နဲ့နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများမှ အနည်းဆုံး ယွမ် ၂၉၈ သန်း ထည့်ဝင်မြှပ်နှံထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က