ဩဂုတ်လကုန်ပိုင်းက စပြီး ရပ်နား‌တော့မှာပါ
Nyein Min Wai

TCL Communication ဟာ BlackBerry အမှတ်တံဆိပ် စမတ်ဖုန်းများ ရောင်းချမှုကို ရပ်တော့မယ်လို့ ကြေညာထားပါတယ်။

TCL ဟာ ၂၀၁၆ ဒီဇင်ဘာလထဲမှာ BlackBerry အမှတ်တံဆိပ် စမတ်ဖုန်းများ ထုတ်လုပ်ခွင့် ဝယ်ခဲ့ပြီးနောက် ၂၀၁၇ CES ပွဲမှာ BlackBerry KeyOne နဲ့ ဈေးကွက်မှာ တကျော့ပြန်ဆန်းသစ်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဈေးကွက်ပျောက်မတတ် ဖြစ်ခဲ့ရတဲ့ BlackBerry ရဲ့ နောက်တစ်ကြိမ် ရှင်သန်မှုဟာ ၃ နှစ်ကျော် ကြာပြီးနောက် နောက်တစ်ဖန် သေဆုံးရတော့မှာပါ။



BlackBerry Mobile ရဲ့ Twitter မှာ လာမယ့် ဩဂုတ်လ ၃၁ ရက်နေ့က စပြီး TCL ဟာ BlackBerry ဖုန်းတွေ ရောင်းချမှု ရပ်နားသွားမယ့်အကြောင်း တရားဝင် ကြေညာထားပါတယ်။ TCL Communications အနေနဲ့ BlackBerry မိုဘိုင်းထုတ်ကုန်သစ်များကို ဒီဇိုင်းရေးဆွဲဖို့ ၊ ထုတ်လုပ်ရောင်းချဖို့ အခွင့်အရေးမရှိတော့ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

TCL Communications ရဲ့ လက်အောက်မှာ BlackBerry KEYone ၊ BlackBerry Motion ၊ BlackBerry KEY2 နဲ့ BlackBerry KEY2 LE တို့ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။BlackBerry KEY စီးရီးတွေဟာ BlackBerry ပုံရိပ်အမှတ်တံဆိပ် ဖြစ်တဲ့ physical QWERTY ကီးဘုတ်ကို touchscreen နဲ့ တွဲသုံးထားတာပါ။

Photo: XDA-Developers

BlackBerry အမှတ်တံဆိပ်ဖုန်းသစ်တွေ ဆက်လက်ရောင်းချသွားမှာ မဟုတ်ပေမယ့် TCL Communications ဟာ ဈေးကွက်ထဲ ရောက်နေတဲ့ BlackBerry ဖုန်းများအတွက် warranty နဲ့ ဖောက်သည်ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ ထုတ်ပြန်ချက်မှာ software updates တွေ ပေးမပေးဆိုတာကိုတော့ ပြောမထားပါဘူး။

ဈေးကွက်ထဲ ရောင်းချနေတဲ့ BlackBerry KEY2 ဟာ Android 8.1 Oreo ပဲ ရထားတာ ဖြစ်ပြီး Android 9 Pie နဲ့ Android 10 သစ် မရတာကြောင့် အနာဂါတ်မှာ software update ရဖို့လည်း မသေချာပါဘူး။ ၂၀၁၇ ခုနှစ်ထဲမှာ စတင် မိတ်ဆက်ခဲ့တဲ့ Essential ဖုန်းကုမ္ပဏီလည်း လုပ်ငန်းဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။


က္က