တစ်လအတွင်း ဖြုတ်ချသွားရမှာပါ

အိမ်ကနေ အလုပ်လုပ်သူများအတွက် ရေးဆွဲထားတဲ့ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ပိုင် Feishu workplace app ကို နိုင်ငံအတွင်း App Stores တွေကနေ ဖယ်ရှားဖို့ တရုတ်အစိုးရမှ အမိန့်ထုတ်ထားပါတယ်။

Feishu workplace app ကို တရုတ်နိုင်ငံအတွင်းမှာ ရှိတဲ့ App Stores တွေကနေ တစ်လအတွင်း ဖယ်ရှားဖို့ တရုတ်နိုင်ငံ Cyberspace Administratioin (CAC) မှ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ Bloomberg သတင်းအရ ဒီ app ဟာ နိုင်ငံအတွင်းမှာ ပိတ်ပင်ထားတဲ့ Facebook နဲ့ Twitter ပလက်ဖောင်းများပေါ်က ပို့စ်တွေကို Access လုပ်ခွင့် ပေးထားတာကြောင့်လို့ ဆိုပါတယ်။



Photo: news18

ByteDance ဟာ Feishu ကို intenal app တစ်ခုအနေနဲ့ စတင်ခဲ့တာ ဖြစ်ပြီး ၂၀၁၉ မှာ ဈေးကွက်ထဲ ဖြန့်ချိခဲ့တာပါ။ နိုင်ငံတကာဗားရှင်းအနေနဲ့ Lark ဆိုတဲ့ နာမည်နဲ့ ၂၀၁၉ ဧပြီလထဲမှာ မိတ်ဆက်ခဲ့ပြီး စင်္ကာပူနဲ့ ဂျပန်ဈေးကွက်တွေမှာ လုပ်ငန်းလုပ်ဆောင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီး ဖြစ်လာပြီး အိမ်ကနေ ဆက်တိုက် အလုပ်လုပ်လာကြပြီးနောက် Feishu ဟာ တရုတ်နိုင်ငံအတွင်း လူသုံးများလာပါတယ်။

Bloomberg ကတော့ Feishu app ဟာ နာမည်ကြီး app တွေ ဖြစ်တဲ့ Slack ၊ Skype နဲ့ Google Docs တို့ ပူးပေါင်းထားတဲ့ app တစ်ခု အဖြစ် ဖော်ပြထားပါတယ်။ Feishu ဟာ တရုတ်ဈေးကွက်မှာ Alibaba ရဲ့ DingTalk နဲ့ Tencent ရဲ့ WeChat တို့နဲ့ ယှဉ်ပြိုင်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ သုံးစွဲသူ သန်း ၁၂၀၀ ခန့်ရှိတဲ့ WeChat ဟာ ByteDance ရဲ့ Feishu ဆီ ညွှန်းတဲ့ links တွေကို ပိတ်ပင်မှု လုပ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကလည်း ရိုင်းပြပြီး မသင့်လျော်တဲ့ အကြောင်းအရာတွေ တွေ့ရှိကြောင်း စည်းကမ်းထိန်းသိမ်းရေးဘက်မှ တိုင်ကြားပြီးနောက် ByteDance ဟာ သူ့ရဲ့ နာမည်ကျော်ဟာသ app ဖြစ်တဲ့ Neihan Duanzi ကို ဖြုတ်ချခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က