လာမယ့်ရက်သတ္တပတ်တွေမှာ ဖြန့်ချိသွားမှာပါ

Google Duo ရုပ်သံအက်ပလီကေးရှင်းကနေ မကြာခင် Web ပေါ်မှာ အဖွဲ့လိုက် ရုပ်သံခေါ်ဆိုမှု လုပ်ဆောင်နိုင်တော့မယ်လို့ ဆိုပါတယ်။ 

COVID-19 ကပ်ဘေးအတွင်း အဝေးရောက်နေကြတဲ့ မိတ်ဆွေနဲ့ မိသားစုဝင်တွေအကြား အဖွဲ့လိုက် ပြောဆိုဆက်သွယ်နိုင်အောင်လုပ်ဆောင်ထားတာပါ။ သုံးစွဲသူတွေဟာ Google account ရှိသူတိုင်းကို လင့်ခ်ပို့ပြီး Group Call ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီ feature ကို လာမယ့် သီတင်းပတ်တွေအတွင်း Chrome မှာ preview တစ်ခုအနေနဲ့ ဖြန့်ချိသွားမယ်လို့ The Verge သတင်းက ဆိုပါတယ်။



Family Mode သစ်လည်း Duo ထဲမှာ ထည့်သွားမှာ ဖြစ်ပြီး ဒီ feature ဟာ screen ပေါ်မှာ real time ရေးဆွဲတာ ၊ Snapchat လိုမျိုး mask နဲ့ effect တွေ သုံးနိုင်မှာပါ။ Snapchat စတိုင် မျက်နှာဖုံးနဲ့ အထူးပြုလုပ်ချက်တွေဟာ Android နဲ့ iOS တွေပေါ်က တစ်ယောက်ချင်း ခေါ်ဆိုမှုတွေမှာလည်း သုံးနိုင်မယ်လို့ Google က ပြောပါတယ်။

Duo ဟာ ဗွီဒီယိုခေါ်ဆိုမှု အတွင်း မတော်တဆ နှိပ်မိတာကနေ ရှောင်ဖို့ Mute နဲ့ End Call ခလုတ်တွေ ဝှက်ပေးသွားမယ်လို့ ဆိုပါတယ်။ Family Mode သုံးဖို့အတွက်ဆို menu icon ကို နှိပ်ပြီး Family ထဲ ဝင်ရမှာပါ။Family Mode ဖုန်းခေါ်ဆိုမှုဟာ Google ပေါ်က တစ်ခြား ဖုန်းခေါ်ဆိုမှုတွေလိုပဲ End-to-End Encryption စနစ် သုံးဖို့လည်း ရှိပါတယ်။ 

ပြီးခဲ့တဲ့ လထဲမှာ Google ဟာ Duo Calls ခေါ်ဆိုမှုတွေမှာ ရုပ်သံအရည်အသွေး ပိုကောင်းစေဖို့ AV1 Video Codec ဖြန့်ချိသွားဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။ Duo Group Call ခေါ်ဆိုမှုကိုလည်း ၈ ယောက်ကနေ ၂ ယောက်အထိ ခွင့်ပြုသွားမှာပါ။ ကုမ္ပဏီအနေနဲ့ နောက်ထပ်လည်း ရုပ်သံခေါဆိုမှုလုပ်နိုင်တဲ့ သုံးစွဲသူဦးရေ ထပ်တိုးသွားနိုင်ဖို့လည်း ကြိုးစားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က