Stadia နာမည်နဲ့ထွက်လာတာပါ

Google ကတော့ Stadia နဲ့အတူ ဂိမ်းလောကထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

         Stadia ဟာ အင်တာနက်ရတဲ့ ဘယ်နေရာကမဆို ဂိမ်း developer တွေအတွက် ဒေတာစင်တာမှာ ထားထားတဲ့ Google ရဲ့ စက်တွေအပေါ် ဂိမ်းတွေ တိုက်ရိုက် ဒီဇိုင်းရေးဆွဲနိုင်စေမယ့် cloud-based ဂိမ်းပလက်ဖောင်းဖြစ်ပါတယ်။ Game Developer Conference နဲ့အတူ ဒီဝန်ဆောင်မှုကို Google မှ မိတ်ဆက်လိုက်တာပါ။ အားကစားကွင်း stadium ရဲ့ အများကိန်းအဖြစ် သုံးတဲ့ Stadia ဟာ သူ့နာမည်အတိုင်း ဂိမ်းပေါင်းစုံကို တစ်နေရာတည်းမှာ access ရပြီး ကစားနိုင်စေဖို့ထုတ်လိုက်တာလည်း ဖြစ်ပါတယ်။

         ဒီပလက်ဖောင်းကို accecss ရတဲ့ ဘယ်လိုမျိုး display ပေါ်ကမဆို ဂိမ်းတွေ ကစားနိုင်မှာ ဖြစ်ပြီး ဒီထဲမှာ TV ၊ လက်ပ်တော့ ၊ စမတ်ဖုန်းနဲ့တက်ဘလက်တွေ ပါဝင်နေပါတယ်။ Stadia ဟာ ဂိမ်းတွေကို 4K resolution နဲ့ကစားနိုင်ပြီး full surround အသံစနစ်နဲ့အတူ ဂိမ်းတွေကို တစ်စက္ကန့်ကို ဖရိန် ၆၀ နှုန်းနဲ့ကစားနိုင်စေဖို့ရည်ရွယ်ထားတာပါ ။ Google ကတော့ Stadia ဟာ အနာဂါတ်မှာ 8K နဲ့120fps streaming အထိ ရတဲ့ ပလက်ဖောင်းဖြစ်စေဖို့မျှော်လင့်ထားပါတယ်။



         cloud-based ဖြစ်လို့ Stadia ပလက်ဖောင်းပေါ်မှာ ဂိမ်းကစားဖို့အတွက် အင်တာနက်လိုင်းကောင်းကောင်း ရှိဖို့လိုပါတယ်။ game streaming ပိုင်းမှာ Stadia ဟာ device တစ်ခုကနေ တစ်ခု (ဥပမာ- TV ပေါ်ကစားရာကနေ ဖုန်းပေါ် ) ပြောင်းကစားမယ်ဆိုရင် စက္ကန့်ပိုင်းအတွင်း ပြောင်းကစားနိုင်အောင် စီစဉ်ထားပါတယ်။ တစ်နည်းအားဖြင့် ဂိမ်းကစားရာမှာ PC ၊ cosoles စက် စတဲ့ကန့်သတ်ချက်တွေကို ချိုးဖျက်ဖို့ရည်ရွယ်ထားတာပါ။

Photo: Engadget

         Stadia မှာ ဂိမ်းတွေကို Google ရဲ့ ကမ္ဘာ့ဒေတာစင်တာကွန်ရက်ပေါ်မှာ သွားပြီး run မှာ ဖြစ်ပါတယ်။ Google ရဲ့ ကြေညာချက်အရ Stadia သုံးစွဲသူတွေဟာ GPU ပါဝါအနေနဲ့10.7 teraflops ၊ ဒေတာ သယ်ပို့မြန်နှုန်း တစ်စက္ကန့်ကို 484GB ၊ RAM 16GB နဲ့AMD 2.7GHz x86 processor ကို access လုပ်နိုင်မယ်လို့ဆိုပါတယ်။ ဒီဝန်ဆောင်မှုဟာ Linux ကို အခြေခံထားပြီး Vulkan graphic API ကို သုံးထားတာပါ။ Stadia မှာ နာမည်ကြီး ဂိမ်း engines တွေ အများကြီး ပံ့ပိုးထားပြီး ဒီထဲမှာ fighting နဲ့အပစ်အခတ်ဂိမ်းတွေ ထုတ်တဲ့ Unreal Engine နဲ့Unity တို့လည်း ပါဝင်ပါတယ်။

         Google ဟာ Stadia နဲ့အတူ ဂိမ်း controller တစ်ခုဖြစ်တဲ့ Stadia Controller လည်း မိတ်ဆက်ထားပါတယ်။ ဒီ controller မှာတော့ Google Assistant စနစ် နဲ့YouTube မှာ ကိုယ်ဂိမ်းကစားတဲ့ ပုံစံကို တင်ဖို့အတွက် သုံးနိုင်တဲ့ Capture button တစ်ခုတို့ပါဝင်မှာ ဖြစ်ပါတယ်။ Stadia အတွက် ဝန်ဆောင်ခ ဘယ်လောက်ကောက်မလဲဆိုတာတော့ Google အနေနဲ့ကြေညာခြင်း မရှိခဲ့ပါဘူး


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က