AR/VR နည်းပညာနဲ့ ဂိမ်းပိုင်းလည်း အဆင့်မြှင့်သွားမှာပါ

တရုတ်နိုင်ငံရဲ့ အကြီးဆုံး နည်းပညာကုမ္ပဏီကြီးနှစ်ခု ဖြစ်တဲ့ Tencent နဲ့ Huawei တို့ဟာ ဂိမ်းနည်းပညာသစ်တွေ ဖော်ထုတ်ဖို့ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။


အွန်လိုင်းကနေ Live-Streaming လွှင့်ခဲ့တဲ့ Huawei Developer Conference 2020 ပွဲမှာ Huawei Technologies နဲ့ Tencent Holdings တို့ ပေါင်းပြီး ဂိမ်းနယ်ပယ်မှ အဆင့်မြင့်နည်းပညာသစ်တွေ ဖြစ်တဲ့ Cloud Gaming ၊ Artificial Intelligence(AI) ၊ Virtual Reality (VR)/Augmented Reality (AR) နည်းပညာသစ်တွေ တီထွင်ကြံဆသွားဖို့ ဂိမ်းဖွံ့ဖြိုးရေး သုတေသသနတစ်ခု ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။



Photo: websfavourites


ပလက်‌ဖောင်းကိုတော့ GameMatrix လို့ ခေါ်ပြီး Huawei ရဲ့ Kunpeng Processor သုံးသွားမယ်လို့ ဆိုပါတယ်။ GameMatrix Cloud Gaming ပလက်ဖောင်းဟာ နည်းပညာရှေ့ဆောင် အရည်အသွေးမြင့်မားပြီး တန်ဖိုးနည်းတဲ့ Mobile Cloud Gaming Solution တစ်ခု ဖြစ်လာမယ်လို့လည်း Tencet က WeChat ပို့စ်မှာ မိတ်ဆက်ထားပါတယ်။ ဒီ lab ဟာ ဂိမ်းအင်ဂျင်စနစ်နဲ့ သရုပ်ဖော်ချက်များ အဆင့်မြှင့်တင်ဖို့ ၊ ပါဝါသုံးစွဲမှု ပိုကောင်းလာဖို့လည်း နည်းလမ်းရှာသွားမှာပါ။

ဒါတင်မဟုတ်ဘဲ ကုမ္ပဏီနှစ်ခုပေါင်းပြီး chips features သစ်များ ဖန်တီးခြင်း ၊ AI ၊ AR နဲ့ VR နည်းပညာများ သုံးပြီး Gameplay Formats သစ်များ ဖန်တီးဖို့လည်း ရည်ရွယ်ထားပါတယ်။ Tencent ဟာ ဝင်ငွေအရ ကမ္ဘာ့အကြီးဆုံးဗွီဒီယိုဂိမ်းကုမ္ပဏီကြီး ဖြစ်ပြီး ဂိမ်းနည်းပညာပိုင်း ဖွံ့ဖြိုးရေးအတွက် တစ်ခြားနည်းပညာကုမ္ပဏီကြီးတွေနဲ့လည်း ပူးပေါင်းမှုများ လုပ်ဆောင်ထားပါတယ်။

Huawei နဲ့ အခု ပူးပေါင်းခြင်းဟာ တတိယမြောက် Cloud Game အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထဲမှာ Tencent ဟာ Play Streaming ဝန်ဆောင်မှုအတွက် Processor ကုမ္ပဏီ Intel နဲ့ ပူးပေါင်းထားသလို cloud Game စံချိန်စံညွှန်းများ သတ်မှတ်ဖို့အတွက် Razer ဂိမ်းကုမ္ပဏီနဲ့လည်း ပူးပေါင်းခဲ့ပါတယ်။ Cloud Gaming ဈေးကွက်ဟာ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၁၂.၅ ဘီလျံ ရှိခဲ့ရာကနေ လာမယ့် ၂၀၂၇ ခုနှစ်မှာ ဒေါ်လာ ၅၆.၅၇ ဘီလျံအထိ ရှိလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က