ပြည်တွင်းစီးပွားရေးလုပ်ငန်းနဲ့အဖွဲ့အစည်းတွေအတွက် မိတ်ဆက်လိုက်တာပါ
Nyein Min Wai

ပြည်တွင်းက အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ အပါအဝင် စီးပွားရေး လုပ်ငန်းများမှာ Cloud အခြေပြုဝန်ဆောင်မှုတွေ ပေးဖို့Huawei ၊ SAP Businesss One Solution နဲ့RITZ ဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုတို့မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ဆူးလေရှန်ဂရီလာဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

         

Photo: Duwun Tech    

      Huawei Cloud နည်းပညာပလက်ဖောင်းကို အသုံးပြုပြီး ဂျာမန်အခြေစိုက် SAP Software ကော်ပိုရေးရှင်းရဲ့ Cloud-based SAP Business One Solution ကို ပြည်တွင်း စီးပွားရေး လုပ်ငန်းများနဲ့အစိုးရအဖွဲ့အစည်းများမှာ အသုံးပြုနိုင်အောင် မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီပူးပေါင်းမှုမှာ ပြည်တွင်းအခြေစိုက် RITZ Cyber Intelligent Co., Ltd ရဲ့ Managing Director ဖြစ်သူ ဦးလင်းထွန်းမှ "'ဒီပူးပေါင်း ဆောင်ရွက်မှုကနေ ကျွန်တော်တို့ရဲ့ နည်းပညာတွေနဲ့ဆိုက်ဘာလုံခြုံရေး ဆောင်ရွက်ချက်တွေကို အဆင့မြှင့်တင်နိုင်တော့မှာ ဖြစ်လို့စိတ်လှုပ်ရှားမိပါတယ်။" လို့ပြောကြားထားပါတယ်။

         Huawei ဟာ ၂၀၁၈ ခုနှစ်ကစပြီး Huawei Cloud ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှာ မိတ်ဆက်ထားတာပါ။ ဒီနည်းပညာဟာ အွန်လိုင်းစီးပွားရေး လုပ်ငန်းများဖြစ်တဲ့ အစားအသောက် မှာယူမှု ၊ ကားအငှားဝန်ဆောင်မှု ၊ စူပါမားကတ်တွေမှာ ကုန်စည် သိုလှောင် ပို့ဆောင်မှုတွေကို ထိရောက်မြန်ဆန်စေမယ့် နည်းပညာလည်း ဖြစ်တယ်လို့ဆိုပါတယ်။ Huawei Cloud နည်းပညာဟာ မြန်မာစာလက်ရေးလက်သားကို AI လုပ်ဆောင်ချက်ပါဝင်တဲ့ စကားလုံးသိမှတ်မှု နည်းပညာ OCR စနစ် ပံ့ပိုးပေးထားတာကြောင့် စကားလုံးတိကျမှု ၊ အချက်အလက် ထည့်သွင်းခြင်းနဲ့စစ်ဆေးခြင်းတွေမှာ ပိုမို လွယ်ကူစေမယ်လို့ဆိုပါတယ်။

Photo: Duwun Tech

         Cloud နည်းပညာဟာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို သွားမယ့် SME တွေအတွက် စိတ်ချမြန်ဆန်ပြီး ထိရောက်တဲ့ ဝန်ဆောင်မှု ပေးနိုင်မယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။ Huawei ဟာ Cloud စီးပွားရေးအတွက် ၃ နှစ်ကျောင်အတွင်း ယွမ် ၁ ဘီလျံ (ဒေါ်လာ ၁၄၅ သန်းခန့်) ရင်းနှီးမြှပ်နှံသွားမှာ ဖြစ်ပြီး လက်ရှိမှာ ကုမ္ပဏီရဲ့ cloud services များကို တရုတ်နိုင်ငံအပြင် ၊ ဟောင်ကောင် ၊ ရုရှား နဲ့မလေးရှားတို့မှာ ဝန်ဆောင်မှု ပေးထားပါတယ်။

         SAP Business One Solution ကတော့ ဘာသာစကားပေါင်း ၂၈ မျိုး ထောက်ပံ့ပေးထားပြီး နိုင်ငံတစ်ခုချင်းစီမှာ သီးသန့်Customize လုပ်ထားတဲ့ အမျိုးအစားပေါင်း ၄၄ ခုအထိ ရရှိနိုင်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က