တရုတ် Cloud ‌ဈေးကွက်ကို လွှမ်းမိုးထားပါတယ်

COVID-19 ကပ်‌ရောဂါကြောင့် တရုတ်နိုင်ငံအတွင်း ဒီဂျစ်တယ်စီးပွားရေးအသွင်ပြောင်းမှုများ အရှိန်မြှင့်တင်ဖို့အတွက် Alibaba Cloud ဟာ လာမယ့် ၃ နှစ်အတွင်း ယွမ်ဘီလျံ ၂၀၀ ( ဒေါ်လာ ၂၈.၂ ဘီလျံခန့်) ထပ်မံရင်းနှီးမြှပ်နှံသွားမယ်လို့ ဆိုပါတယ်။

နောင်မျိုးဆက်သစ် ဒေတာစင်တာတွေအတွက် ရည်ရွယ်ပြီး ဒီရင်းနှီးမြှပ်နှံမှုဟာ Operating Systems ၊ Servers ၊ Chips နဲ့ ကွန်ရက်ပိုင်း စတဲ့ နည်းပညာပိုင်းကို ဦးစားပေးသွားမယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။ 


Photo: alizila

"COVID-19 ကြောင့် ကဏ္ဍအသီးသီးက စီးပွားရေးတွေ ဖိအားနဲ့ ကြုံနေရပေမယ့် ကျွန်တော်တို့ကို ဒီဂျစ်တယ်စီးပွားရေးပိုင်း ပိုအာရုံစိုက်ဖို့လည်း တွန်းပို့လာနေပါတယ်။" လို့ Alibaba Cloud Intelligence ရဲ့ ဥက္ကဌ ဂျက်ဖ်ဇောင်က ဆိုပါတယ်။

Cloud အဆောက်အဦပိုင်းနဲ့ အခြေခံနည်းပညာပိုင်း ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ခြင်းအားဖြင့် ကမ္ယာ့အဆင့် စိတ်ချရတဲ့ တွက်ချက်မှု အရင်းအမြစ်တွေကနေ စီးပွားရေးနလန်ထမှု အရှိန်ရအောင် ကူညီနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း ဇောင်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံအတွင်းမှာ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုမှသည် အဝေးကနေ အလုပ်လုပ်တဲ့ ဝန်ဆောင်မှုတွေအထိ နည်းပညာနဲ့ ဒီဂျစ်တယ်ပိုင်း သုံးစွဲမှု အရှိန်မြင့်လာနေပါတယ်။

Alibaba ရဲ့ Cloud ကဏ္ဍဟာ ကုမ္ပဏီရဲ့ ကြီးထွားမှုအမြန်ဆုံး လုပ်ငန်းတစ်ခု ဖြစ်ပြီး စတုတ္ထသုံးလပတ် ဝင်ငွေဟာ ၆၂% တိုးပြီး ယွမ် ၁၀.၇ ဘီလျံအထိ ရှိလာတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ သုံးလပတ်တစ်ခုအတွင်း ဝင်ငွေ ယွမ် ၁၀ ဘီလျံကျော်ခဲ့တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ Canalys သုတေသနကုမ္ပဏီအချက်အလက်တွေအရ Alibaba Cloud ဟာ တရုတ်နိုင်ငံ Cloud ဈေးကွက်ရဲ့ ၄၆.၄% ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

Photo: Amwal Al Ghad

တစ်ခြား Cloud ဝန်ဆောင်မှု လုပ်ငန်းတွေ ဖြစ်တဲ့ Tencent Cloud နဲ့ Baidu Cloud တို့ဟာလည်း ထုတ်ကုန်ဝန်ဆောင်မှု ဝယ်လိုအား မြင့်တက်လာနေပြီး လက်ရှိ ဈေးကွက်ရဲ့ ၁၈% နဲ့ ၈.၈% ပိုင်ဆိုင်ထားတယ်လို့ ပါရှိပါတယ်။ Alibaba Cloud စီးပွားရေးပိုင်းဟာ ပထမသုံးလပတ်အတွင်း ဟန်ကျိုးပြည်နယ်အစိုးရအတွက် ဒီဂျစ်တယ်ကျန်းမာရေးစောင့်ကြည့်စနစ်များ ဖန်တီးပံ့ပိုးထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က