MPU နဲ့iBanking တို့နဲ့ချိတ်ထားပါတယ်
Nyein Min Wai

ပြည်တွင်းမှ အလွတ်တန်း ပညာရှင်များအတွက် အချိန်ပိုင်း အလုပ်အကိုင်နဲ့ပရောဂျက်များ ဆက်သွယ်ပေးနေတဲ့ freelance platform ဖြစ်တဲ့ Chatesat.com ဟာ coin payment system ဆိုတဲ့ ငွေပေးချေမှု ပုံစံသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။

photo: ChateSat

 

chatesat.com ဟာ ယခင်က အလုပ်ရှင်နဲ့freelancer အကြား လူကိုယ်တိုင် ဖုန်းနဲ့ဆက်သွယ်ကာ ၊ ဘဏ်ငွေလွဲှတာကို အဆင့်ဆင့် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ Coin payment စနစ်မှာတော့ chatesat အကောင့်ကနေ တစ်ခါတည်း အလိုအလျောက် ငွေပေးစနစ်သုံးသွားတာပါ။ အလုပ်ရှင်နဲ့freelance နှစ်ဦးစလုံးဘက်မှ ပရောဂျက်အတွက် ငှားရမ်းမှု အတည်ပြီးနောက် Agree ခလုတ်ကို နှိပ်လိုက်တာနဲ့payment အတွက် invoice ကို coin system ကနေ ချက်ချင်း ထုတ်ပေးသွားမယ်လို့ဆိုပါတယ်။

coin system မှာတော့ iBanking နဲ့MPU တို့ကနေ တစ်ဆင့် ငွေကြိုထည့်ထားရမှာ ဖြစ်ပြီး ပရောဂျက်တစ်ခုအတွက် iBankin နဲ့MPU တို့ကနေ ငွေချေတိုင်း လက်ကျန်ငွေတွေဟာ Coin အကောင့်ထဲမှာ ရှိနေမှာပါ။ coin balance ထဲမှာ ငွေဖြည့်ငွေသွင်းလုပ်သမျှ transaction record များလည်း ပြန်ကြည့်နိုင်မယ်လို့ဆိုပါတယ်။ ဒီ coin စနစ် အသက်ဝင်နေဖို့အတွက် လက်ကျန်ငွေ အနည်းဆုံး ၁၀၀၀ ကျပ် ချန်ထားရမယ်လို့ဆိုပါတယ်။

photo: ChateSat

 

chatesate.com မှာ စတင်မိတ်ဆက်ခဲ့တဲ့ coin payment system ကို လက်ရှိမှာ iBanking နဲ့MPU မှာပဲ အသုံးပြုနိုင်သေးတာ ဖြစ်ပြီး Master နဲ့Visa တို့မှာလည်း မကြာခင် အသုံးပြုနိုင်မယ်လို့သိရပါတယ်။


Author


က္က