ဖိုင်တွေကို 20MB/s နှုန်းအထိ ပို့ဆောင်ပေးသွားမှာပါ

OPPO၊ Vivo နဲ့ Xiaomi တို့ဟာ မြန်နှုန်းမြင့် WiFi နဲ့ တိုက်ရိုက်လွှဲပြောင်းနိုင်တဲ့ Peer-to-Peer Transmission Alliance ကို ပူးပေါင်းလုပ်ဆောင်ထားပါတယ်။



OPPO ရဲ့ ColorOS သစ်ကို သုံးပြီး မတူညီတဲ့ စမတ်ဖုန်း brand တွေအကြား အင်တာနက်မလိုဘဲ ဖိုင်တွေ ၊ ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေ ကူးပြောင်းပေးနိုင်ဖို့ အခုလို ပူးပေါင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo: SmartGSM


“ဒီ brand သုံးခုရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ သန်းပေါင်းများစွာသော OPPO၊ Vivo နဲ့ Xiaomi အသုံးပြုသူတွေကို အလွယ်တကူနဲ့ ဖိုင်တွေကူးပြောင်းနိုင်ဖို့အတွက် ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ ဒါဟာ OPPO၊ vivo နဲ့ Xiaomiသုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ်။ အခြား Android စမတ်ဖုန်း brand တွေကိုလည်း ဒီပူးပေါင်းမှုမှာ ပါဝင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။" လို့ OPPO နဲ့ President of Software Engineering Business Division ရဲ့ Vice President ဖြစ်သူ Andy Wu ကပြောကြားခဲ့ပါတယ်။

Vivo ၊ Xiaomi ဖုန်းတွေအကြား file transfer လုပ်မယ်ဆိုရင်တော့ ColorO7 သစ် တင်ထားတဲ့ OPPO ဖုန်းဖြစ်ဖို့ လိုပါတယ်။ ဖိုင်တွေ ပေးပို့လွှဲပြောင်းချင်တယ်ဆိုရင်တော့ drop down menu ကို ဖွင့်ပြီး desktop screen ပေါ်က OPPO Share ကို သုံးပြီး ကိုယ့်ဖုန်းနဲ့ file transfer လုပ်မယ့် Vivo ဖုန်း ဒါမှမဟုတ် Xiaomi ဖုန်းကို ရွေးချယ်ပြီး တစ်ပြိုင်နက်တည်းနဲ့ လွယ်လင့်တကူပေးပို့နိုင်မှာ ဖြစ်ပါတယ်။

Photo: OPPO Myanmar

ဒီ File Transfer လုပ်ဆောင်ချက်ဟာ ပါဝါသုံးစွဲမှုသက်သာစေမယ့် Bluetooth Low Energy (BLE) ကို အသုံးပြုပြီး Devices တွေကို ခွဲခြားနိုင်တဲ့အပြင် Wi-Fi P2P (peer-to-peer) နည်းပညာနဲ့ ဖိုင်တွေကို 20MB/s နှုန်းအထိ ပို့ဆောင်ပေးသွားမှာပါ။ လက်ရှိမှာ ဒီ function ကို ColorOS 7 (Android 10) စနစ် ပံ့ပိုးထားတဲ့ Reno 2 ၊ Reno 10X zoom ၊ F11 Pro ၊ F11 Pro Marvel's Limited Edition နဲ့ F11 တွေမှာ Trial Version အနေနဲ့ သုံးနိုင်ပြီ ဖြစ်ပါတယ်။

နောက်လတွေမှာတော့ OPPO ရဲ့ Find စီးရီး ၊ Reno စီးရီး ၊ R စီးရီး ၊ A စီးရီးနဲ့ K3 တို့အတွက်ပါ ထပ်မံဖြန့်ချိပေးသွားမယ်လို့လည်း သိရပါတယ်။


ယခု‌သတင်းဆောင်းပါးကို OPPO Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က