ဒီနှစ်အတွက် Computex ပွဲ မရှိတေ့

COVID-19 ကပ်ဘေးကြောင့် ဒီနှစ်အတွက် Computex 2020 ပွဲကို ဆက်ကျင်းပဖြစ်မှာ မဟုတ်ပါဘူး။

အစောပိုင်းက Computex 2020 ပွဲကို ဇွန်လကနေ စက်တင်ဘာလကို ပြောင်း‌‌‌‌‌‌ပြီး ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးက ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ဒီနှစ်အတွက် Computex 2020 ပွဲကို ပယ်ဖျက်လိုက်တာ ဖြစ်တယ်လို့ The Verge သတင်းက ဆိုပါတယ်။ နောက်နှစ်မှာ ကျင်းပမယ့် Computex ပွဲကိုပဲ ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပသွားမှာပါ။



Photo: Tom's Hardware


Computex ပွဲဟာ နိုင်ငံပေါင်း ၁၇၁ နိုင်ငံက ဧည့်သည်ပေါင်း ၄၃၀၀၀ နီးပါးကို ဆွဲဆောင်နိုင်တဲ့ နည်းပညာထုတ်ကုန်ပြပွဲ ဖြစ်ပါတယ်။ ထိုင်ဝမ် ၊ တိုင်ပေမှာ ၂၀၀၀ ပြည့်လွန်နှစ်တွေက စပြီး ကျင်းပလာခဲ့တဲ့ ဒီနည်းပညာပြပွဲဟာ ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာနဲ့ နည်းပညာကုန်သွယ်မှုပြပွဲကြီးလည်း ဖြစ်ပါတယ်။ Computex ပွဲကို အစိုးရအထောက်ပံ့ခံ ထိုင်ဝမ်ပြင်ပကုန်သွယ်ဖွံ့ဖြိုး‌မှုကောင်စီ TAITRA နဲ့ ပုဂ္ဂလိကအဖွဲ့အစည်း တိုင်ပေကွန်ပျူတာအဖွဲ့အစည်း TCA တို့ ပူးပေါင်းကျင်းပတာပါ။

"ဇွန်လ ၁၁ ရက်နေ့အထိ ကမ္ဘာတစ်လွှားက နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှာ လူပေါင်း ၇.၃၅ သန်းကျော် COVID-19 ကူးစက်ခံထားရပါတယ်။ ဒီကပ်ဘေးကြောင့် စီးပွား‌ရေး ၊ ကုန်သွယ်‌ရေး ၊ သယ်ယူပို့ဆောင်ရေး ၊ ကူးသန်းမှုနဲ့ ခရီးသွားလာရေး စတဲ့ နယ်ပယ်တွေမှာလည်း ထိခိုက်နေပါတယ်" လို့ TRITRA က ဆိုပါတယ်။ ထိုင်ဝမ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၄၃ ဦးနဲ့ သေဆုံးသူ ၇ ဦးနဲ့ တန့်နေပါတယ်။


Photo: Tech Crunch

မူလက Computex ပွဲကို ဒီနှစ်ဇွန်လ ၂ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။ နောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲကို စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်နေ့အထိ နောက်ဆုတ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ကမ္ဘာအရပ်ရပ်က နည်းပညာပွဲကြီးများ ဖျက်သိမ်း‌ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒီထဲမှာ MWC 2020 ၊ E3 နဲ့ Google I/O နည်းပညာပွဲကြီးတွေလည်း ပါဝင်ပါတယ်။

Facebook ရဲ့ F8 Developer Conference ပွဲကို အွန်လိုင်းပွဲအဖြစ် ကျင်းပခဲ့သလို ဒီလထဲမှာ ကျင်းပမယ့် Apple ရဲ့ WWDC ပွဲကိုလည်း အွန်လိုင်းပွဲအနေနဲ့ပဲ ကျင်းပသွားဖို့ စီစဉ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က