လာမယ့် ဇန်နဝါရီလကုန်က စပြီး ဖျက်သိမ်းသွားမှာပါ
Nyein Min Wai

Microsoft ရဲ့ အသံစနစ်သုံး ဒီဂျစ်တယ်အကူနည်းပညာ ဝန်ဆောင်မှုတစ်ရပ်ဖြစ်တဲ့ Cortana app ကို လာမယ့်ဇန်နဝါရီလကုန်ပိုင်းက စတင်ပြီး Android နဲ့ iOS တို့ပေါ်ကနေ ဖယ်ရှားတော့မှာပါ။

ယူကေ ၊ ကနေဒါနဲ့ ဩစတြေးလျတို့မှာရှိတဲ့ Cortana သုံးစွဲသူတွေအတွက် support ပေးတဲ့ Microsoft ရဲ့ စာမျက်နှာမှာ iOS နဲ့ Android အတွက် Cortana support ပေးမှု ပျောက်ကွယ်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ The Verge သတင်းမှာ ဖော်ပြထားတဲ့ Microsoft ရဲ့ အတည်ပြုချက်အရ Cortana app ကို ဇန်နဝါရီ ၃၁ ရက်နေ့က စတင်ပြီး ယူကေ ၊ ဩစတြေးလျ ၊ ဂျာမဏီ ၊ မက္ကဆီကို ၊ တရုတ် ၊ စပိန် ၊ ကနေဒါနဲ့ အိန္ဒိယတို့မှာ ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။

Photo: Gizchina


"Cortana ဟာ အပြန်အလှန် စကားပြောဆိုနိုင်မယ့် ကွန်ပျူတာနည်းပညာနဲ့ ကျွန်တော်တို့ ပလက်ဖောင်းတွေ ၊ ထုတ်ကုန်တွေအားလုံးရဲ့ ထုတ်လုပ်နိုင်စွမ်းအားကို ယူဆောင်ပေးဖို့ ကျွန်တော်တို့ရဲ့ အနာဂါတ်မြင်ကွင်းကျယ်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ Cortana ကို ပိုပြီး အထောက်အကူ ဖြစ်စေဖို့ Microsoft 365 apps တွေထဲမှာ Cortana ကို ထဲထဲဝင်ဝင် ပေါင်းစည်းပေးသွားမှာ ဖြစ်လို့ Android နဲ့iOS တွေအတွက် Cortana မိုဘိုင်းလ်အက်ပ် ပံ့ပိုးမှု ရပ်ဆိုင်းလိုက်တာပါ" လို့ Microsoft ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Microsoft အနေနဲ့ Android နဲ့ iOS ထုတ်ကုန်တွေအတွက် Cortana app ပံ့ပိုးမှုကို အမေရိကန်မှာ ဘယ်အချိန်အထိ ပေးသွားမလဲဆိုတာ မသိရသေးပါဘူး။ Windows 10 PC ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေအကြား ဆက်သွယ်ဖို့ ကနဦး ဒီဇိုင်းထုတ်ခဲ့တဲ့ Cortana ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာလထဲမှာ iOS နဲ့ Android အတွက် ဖြန့်ချိခဲ့ပါတယ်။

Photo: 9to5Google


Microsoft ရဲ့ Cortana app ဟာ ကုမ္ပဏီပိုင် Surface Headphones တွေလို ထုတ်ကုန်တွေအတွက် firmware အသစ် မြှင့်ဖို့နဲ့ settings တွေ configure လုပ်ဖို့အတွက်လည်း သုံးနိုင်ပါတယ်။ Cortana ကို အကြီးအကျယ် ဒီဇိုင်းသစ်ပြောင်းပြီး လုပ်ဆောင်ချက်သစ်တွေနဲ့ အဆင့်မြှင့်ခဲ့ပေမယ့် Microsoft ဟာ စမတ်ဖုန်းပေါ်က တစ်ခြားပြိုင်ဘက် ဒီဂျစ်တယ်အသံအကူနည်းပညာတွေ ဖြစ်တဲ့ Alexa ၊ Google Assistant တို့နဲ့ မယှဉ်နိုင်ခဲ့ပါဘူး။

Cortana ကို မိုဘိုင်း app နဲ့ Microsoft Launcher အဖြစ်ကနေ ဖြုတ်ချလိုက်ပေမယ့် Windows တွေမှာတော့ အသုံးပြုနိုင်ဦးမှာ ဖြစ်သလို ဖုန်းထဲ အခမဲ့ ဒေါင်းလုပ်ဆွဲ ထည့်သွင်းနိုင်တဲ့ Microsoft To Do app နဲ့လည်း Cortana Reminders ၊ Lists နဲ့ Tasks တွေကတော့ အလိုအလျောက် ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။


Author


က္က