key trade လုပ်မှု ပိတ်ထားပါတယ်
Nyein Min Wai

ရာဇဝတ်သမားတွေဟာ နာမည်ကျော် Counter Strike: Global Offensive (CS:GO) ဗွီဒီယိုဂိမ်းကို ခုတုံးလုပ်ပြီး ငွေကြေးခဝါချမှု လုပ်ဆောင်နေတယ်လို့ ဒီဂိမ်းကို ရေးဆွဲတဲ့ Valve က ဆိုပါတယ်။

လူအများကြီးနဲ့ ကစားရတဲ့ multiplayer shooter ဂိမ်း CS:GO ထဲက in-game items အရောင်းအဝယ်အားလုံးနီးပါးဟာ ကမ္ဘာအရပ်ရပ်က ငွေကြေးခဝါချတဲ့ ကွန်ရက်တွေရဲ့ ငွေဖြူလုပ်တဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာကြောင့် Valve ဟာ ဂိမ်းအတွင်း တစ်ချို့items ရောင်းဝယ်မှုကို ရပ်နားထားတယ်လို့ The Guardian သတင်းက ဖော်ပြထားပါတယ်။

Photo: BBC

CS:GO ဂိမ်းထဲမှာ ကစားတဲ့သူတွေဟာ လက်နက်နဲ့ဝတ်စုံစတဲ့ cosmetic items တွေ ဝယ်မယ်ဆိုရင် in-game ထဲက ဝယ်ထားတဲ့ keys တွေကနေလည်း ဝယ်နိုင်သလို Stream marketplace ပေါ်ကနေ တကယ့်ပိုက်ဆံနဲ့လည်း ဝယ်နိုင်ပါတယ်။ ဒါကြောင့်ပဲ Valve ဟာ CS:GO နောက်ဆုံးဗားရှင်းမှာ ပလေယာအချင်းချင်း ဈေးကွက်ကို ပိတ်ထားတာ ဖြစ်တယ်လို့ဆိုပါတယ်။

" အရင်က ကျွန်တော်တို့တွေ့ထားတဲ့ key trade အများစုဟာ တရားဝင်ဖောက်သည်တွေအကြားပဲ လုပ်ကြတာပါ။ ဒါပေမယ့် ကမ္ဘာအရပ်ရပ်က ငွေကြေးမသမာမှုလုပ်တဲ့ ကွန်ရက်တွေဟာ မကြာသေးခင်ကစလို့ CS:GO keys တွေကို သူတို့ဝင်ငွေတွေကို ငွေဖြူဖြစ်အောင် ခဝါချဖို့ သုံးလာကြပါတယ်။" လို့ Valve က သတင်းထုတ်ပြန်ပါတယ်။

ဒါကြောင့်ပဲ CS:GO ဈေးကွက်ကနေတစ်ဆင့် ရောင်းချ ကူးသန်းမှုလုပ်တဲ့ key အရောင်းအဝယ်အားလုံးနီးပါးဟာ ငွေခဝါချမှုနဲ့ဆက်စပ်မှု ရှိမယ်လို့ယုံကြည်တာကြောင့် keys သစ် ဝယ်ယူမှုကို ရပ်ထားတာပါ။ Valve အနေနဲ့ အသေးစိတ် အချက်အလက်တွေ ပြောကြားခြင်း မရှိပေမယ့် key အရောင်းအဝယ် လုပ်မှုဟာ credit card လိမ်ညာမှုနဲ့ တစ်ခြားငွေကြေးရာဇဝတ်မှုလုပ်ရပ်တွေက ရတဲ့ ဝင်ငွေကို ခဝါချတာ ဖြစ်ဖို့များပါတယ်။


Photo: mweb

CS:GO ကစားသူတွေဟာ gameplay ထဲကနေတစ်ဆင့် ကစားရင်းနဲ့ containers တွေ ဖွင့်ဖို့ keys တွေ ဝယ်လို့တော့ ရနေမှာ ဖြစ်တယ်လို့Valve က ဆိုပါတယ်။ ဒီဂိမ်းရဲ့ update ဗားရှင်းမှာတော့ keys တွေကို အကောင့်ထဲကလွဲရင် တစ်ခြားသူတွေကို ပြန်လွှဲလို့မရအောင် ချုပ်ထားပါတယ်။ ဒီအပြောင်းအလဲဟာ တရားဝင် ကစားသမားတစ်ချို့အတွက် ပြဿနာရှိနိုင်ပါတယ်။

အခုလို ခဝါချမှုလုပ်နေသူတွေဟာ Valve ရဲ့ တစ်ခြားဂိမ်းတွေ ဖြစ်တဲ့ Team Fortress 2 နဲ့ Dota 2တို့မှာလည်း အလားတူ ငွေကြေးခဝါချမှု လုပ်ဆောင်နေဖွယ်ရှိတယ်လို့လည်း Rock Paper Shotgun ဂိမ်းသတင်းဝက်ဘ်ဆိုက်က ခန့်မှန်းထားပါတယ်။


က္က